တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) ၌ စာဖတ်ဝိုင်းကျင်းပ


MNP  -  ဖေဖော်ဝါရီ     ၃

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre) ၌ ဖေဖော်ဝါရီ ၃ ရက် မွန်းတည့် ၁၂ နာရီခွဲက စာပေ အသိပညာတိုးပွာ​စေရန်နှင့် ဗဟုသုတရရှိနိုင်​စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာပေ၏အကျိုးကျေးဇူးများကို သိရှိပြီး အမှား/ အမှန်ကို ဝေဖန်ပိုင်ခြားတတ်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် သုတ၊ ရသ စာအုပ်များကို ဖတ်ရှုစေပြီး စာရေးဆရာတင့်ခိုင် ရေးသားသည့် "ပညာရေး စနစ်သစ်၏ လိုအပ်ချက်များ" ဆိုသည့် စာအုပ်ဖြင့်ဝိုင်းဝန်းဆွေးနွေးခဲ့သည်။


ပန်းအိ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)