သာယာဝတီမြို့တွင် Grade -5 အင်္ဂလိပ်စာမေးခွန်းပုံစံပြောင်း စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့တွင် Grade -5 အင်္ဂလိပ်စာမေးခွန်းပုံစံပြောင်း စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်


MNP  -   ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ အခြေခံပညာကျောင်းများ၏ Grade-5 အင်္ဂလိပ်စာမေးခွန်း ပုံစံပြောင်းစာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(၁) သာယာဝတီ (ပညာ့အားမာန်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က Grade-5 စာမေးပွဲသည် ပြောင်းလဲလာသော ပညာရေးစနစ်သစ်အတွက် အလွန်အရေးကြီး​ပြီး စာမေးပွဲမကျင်းပမှီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စာမေးပွဲကျင်းပနေဆဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စာမေးပွဲကျင်းပအပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြန်လည်မျှဝေပေးသွားမည်ဖြစ်ရာ ဂရုတစိုက် လိုက်လံမှတ်သားပြီး တိကျစွာဆောင်ရွက်ဖို့လိုအပ်ကြောင်း ပြောကြားသည်။


ယင်းနောက် ဆင့်ပွားသင်တန်းအား ဆက်လက်ကျင်းပရာ  Grade-5 စာမေးပွဲစင်တာများမှ စာမေးပွဲဆိုင်ရာ ကြီးကြပ်ရေးမှူး တာဝန်ခံဆရာများက သင်တန်းသား သင်တန်းသူ (၂၉၆) ဦး အားသင်ကြားပေးပြီး စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ ကျင်းပပြီး မတ်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သန့်ဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)