MNP - ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ အခြေခံပညာကျောင်းများ၏ Grade-5 အင်္ဂလိပ်စာမေးခွန်း ပုံစံပြောင်းစာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(၁) သာယာဝတီ (ပညာ့အားမာန်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က Grade-5 စာမေးပွဲသည် ပြောင်းလဲလာသော ပညာရေးစနစ်သစ်အတွက် အလွန်အရေးကြီးပြီး စာမေးပွဲမကျင်းပမှီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စာမေးပွဲကျင်းပနေဆဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စာမေးပွဲကျင်းပအပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြန်လည်မျှဝေပေးသွားမည်ဖြစ်ရာ ဂရုတစိုက် လိုက်လံမှတ်သားပြီး တိကျစွာဆောင်ရွက်ဖို့လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဆင့်ပွားသင်တန်းအား ဆက်လက်ကျင်းပရာ Grade-5 စာမေးပွဲစင်တာများမှ စာမေးပွဲဆိုင်ရာ ကြီးကြပ်ရေးမှူး တာဝန်ခံဆရာများက သင်တန်းသား သင်တန်းသူ (၂၉၆) ဦး အားသင်ကြားပေးပြီး စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ ကျင်းပပြီး မတ်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော်
https://t.me/MyanmarNationalPost

No comments:
Post a Comment