CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ သတ်ဖြတ်မှုကြောင့် အစိုးရ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သား အပါ အဝင် စုစုပေါင်း သေဆုံး ၅,၄၄၃ ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ သတ်ဖြတ်မှုကြောင့် အစိုးရ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သား အပါ အဝင် စုစုပေါင်း သေဆုံး ၅,၄၄၃ ဦး သေဆုံး


MNP ၊ ဖေဖော်ဝါရီ ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၁/၂၀၂၃)ကိုဇန်နဝါရီ ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့် ပတ်သက်၍ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ သတ်ဖြတ်မှုကြောင့် အစိုးရ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သား အပါ အဝင် စုစုပေါင်း သေဆုံး ၅,၄၄၃ ဦးနှင့် ဒဏ်ရာရ ၄,၅၇၇ ဦး ရှိကြောင်း ကာ/လုံ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။


ကာ/လုံအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးသည့်ကာလကစပြီး အထွေထွေရွေးကောက်ပွဲ(၃)ကြိမ် ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတွင် မြို့နယ် ၃၃၀ မြို့ နယ်ရှိပြီး ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ် တို့၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည် ဟူသည့် အစိုးရများ လက်ထက်တွင် ပြည်သူ့ဆန္ဒဖော်ထုတ်နိုင်မှုပိုမိုပြီး နည်းပါးသွား သည်ကို သတိပြုဖွယ် တွေ့ရပါကြောင်း၊

ရွေးကောက်ပွဲများ ကျင်းပရာတွင်လည်း နိုင်ငံသားတစ်ဦးချင်း၏ ဆန္ဒသဘော ထားကို လွတ်လပ်စွာဖော်ထုတ်နိုင်ရေး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက် တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့် မတရားမှုများ ကင်းဝေးရမည် ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးစေရေး ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ် များဖြစ်သည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြိုတင်ပြင်ဆင်မှု၊ စီမံဆောင်ရွက်မှု များကို ဆက်လက်ပြုလုပ် ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ လွတ်လပ်၍တရားမျှတပြီး ပွင့်လင်း မြင်သာသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံအဝန်း မူလပကတိ သာမန်အခြေအနေအချိန်အခါများအတိုင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရရှိရေးအတွက် လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံရေးပါတီများကိုလည်း ရွေးကောက်ပွဲစနစ်နှင့် ဆီလျော်သည့် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ပြည်သူလူထုကိုလည်း ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်သည့် ပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် ပြင်ဆင်ချိန်၊ လုပ်ဆောင်ချိန် စသည့်လုပ်ငန်းစဉ်များ ရှိပါသေးကြောင်း၊ ယင်းလုပ်ငန်းစဉ်များအပေါ် မိမိတို့ အစိုးရအနေဖြင့် အလေးထားလုပ်ကိုင် ဆောင်ရွက်နေကြောင်းကို တင်ပြလိုပါကြောင်း။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ရွေးချယ်တင်မြှောက်ခြင်း ပြုလုပ်ခြင်းဆိုင်ရာများ တင်ပြလိုပါ ကြောင်း၊၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်တွင် တပ်မတော်အနေဖြင့် ယာယီသမ္မတ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အရ တိုင်းပြည်၏တာဝန်ကို ရယူထိန်းသိမ်းရခြင်း ဖြစ်ပါကြောင်း၊ ယင်းအပေါ် နိုင်ငံရေး အသုံးချမှုများ များစွာရှိပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် တိုင်းပြည်တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး နေပြည်တော်စည်ပင်ရိပ်သာတွင်ရှိနေသည့် ထိုစဉ်က ရွေးချယ်ခံလွှတ်တော်အမတ် များကို လက်ရှိနိုင်ငံရေးဖြစ်စဉ်အပေါ် တရားဥပဒေနှင့် အညီ ဖြေရှင်းနိုင်စေရန် ရှင်းလင်းပြောပြပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် မှ ၄ ရက်အထိ နေရပ် ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်ပေး ခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရပ်တည်ခွင့် မရှိသူများက ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၅ ရက်တွင် “ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)” အမည်ဖြင့် တရားမဝင် ကော်မတီအားလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်တွင် “ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ” (National Unity Government-NUG) အမည်ဖြင့် တရားမဝင်အစိုးရကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (People’s Defense Force-PDF) အဖြစ် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းအားလည်းကောင်း ဖွဲ့စည်းခဲ့ပါ ကြောင်း၊ တစ်ချိန်တည်း၌ပင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)စသည့် အဖွဲ့များကို ရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုကဲ့သို့ ဖွဲ့စည်းပြီးသည့်နောက်တွင် တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများဖြစ်သည့် KIA၊ KNU နှင့် KNPP နယ်မြေများတွင် အကြမ်းဖက်သင်တန်း တက်ရောက်ရန်အတွက် NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်းများဦးစီး၍ စေလွှတ် သွားရောက်ခဲ့ပါ ကြောင်း၊ NLD ပါတီ ဥက္ကဋ္ဌ၏ ပြည်သူသို့ ပန်ကြားချက်ကို NLD ပါတီက တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဝင်းထိန်၏ နာမည်ဖြင့် ၎င်း၏အသက်နှင့် ရင်းကာ တိုင်တည်ဝံ့ပါ ကြောင်းဖြင့် ပြည်သူကိုလှုံ့ဆော်သည့် စာတစ်စောင် ထွက်ပေါ်လာပါကြောင်း၊ “တပ်မတော်မှ အာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝလက်မခံဘဲ တခဲနက်ဆန့်ကျင်တုံ့ပြန်ကြပါရန် တိုက်တွန်းလိုက်ပါကြောင်း” ဟူသည်ကို ကြည့်ပါ က တိုင်းပြည်ကို ဒီမိုကရေစီ ထွန်းကားအောင် ဆောင်ရွက်မည်ဟူသည့် သူများသည် NLD ထောက်ခံသူများ၊ တပ်မတော်မှ တာဝန်ယူထိန်းသိမ်းခြင်းကို လုံးဝ သဘော မပေါက်သည့်သူများကို လက်နက်စွဲကိုင် ဆူပူလုပ်ဆောင်လာစေရန် လမ်းမှားသို့ တွန်းပို့သည်ကို တွေ့ရပါကြောင်း၊ ယင်းတို့သည် ကြိုတင်ပြင်ဆင် မှုများသာ ဖြစ်ပါကြောင်း၊ ထိုကဲ့သို့သော အခြေအနေအကြောင်းအရာများကြောင့် မိမိတို့နိုင်ငံတွင် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပေါ်လာရခြင်းဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် တရား ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းရန် အခွင့်အရေးရှိပါကြောင်း၊ ယင်းကို ရင်မဆိုင်ရဲဘဲ အကြမ်းဖက်လမ်းကြောင်းပေါ်ကို ရွေးချယ်ခဲ့ခြင်းသည် ဒီမိုကရေစီအား ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းသည် မြန်မာနိုင်ငံဒီမိုကရေစီစနစ်၏ ဆိုးရွားသည့် အမည်းစက်ပင် ဖြစ်ပါကြောင်း၊ မိမိတို့ လူမျိုးသည် သွေးဆူလွယ်သည့်သူများဖြစ်ပြီး အားနည်းချက်များ ရှိသည့်အတွက် လှုံ့ဆော်မှုများတွင် နားယောင်လွယ်ကြပါကြောင်း၊ သို့သော် အခြေ အနေ အရပ်ရပ်ကို သဘောပေါက်နားလည်လာကြသည့်အခါတွင် ၂၀၂၁ ခုနှစ်၌ ကြီးမားသည့်ဆန္ဒပြမှုများ ဖြစ်ပေါ်လာသော်လည်း နှောင်းပိုင်းကာလမှစ၍ ဆူပူဆန္ဒပြ မှုများ လျော့ကျသွားပြီး ၂၀၂၂ ခုနှစ်တွင် သိသိသာသာ လျော့နည်းသွား ခဲ့ပါကြောင်း၊ သို့သော် EAO များနှင့် ပြည်ပနိုင်ငံအချို့က တိုက်ရိုက်/ သွယ်ဝိုက်အကူအညီ ထောက်ပံ့မှုများဖြင့် PDF အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှု၊ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမီးရှို့မှု၊ လူသတ်မှုများ ရှိနေပါသေးကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်န ဝါရီလ ၂၅ ရက်အထိ ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ ပုဂ္ဂလိက ပိုင်ပစ္စည်းများ တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ၄,၉၁၇ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး တစ်နိုင်ငံလုံး လက်ပစ်ဗုံး၊ လက်လုပ်ဗုံးဖြင့်ပစ်ခတ်ခံရမှု ၈,၅၂၇ ကြိမ်၊ တိုက်ခိုက်ခံ ရမှု ၉,၆၈၆ ကြိမ်၊ မီးရှို့မှု ၁,၂၃၁ ကြိမ်၊ စုစုပေါင်းအကြမ်းဖက်မှု ၁၉,၄၄၄ ကြိမ် ဖြစ်ပွားခဲ့ပါကြောင်း၊ လက်နက်မျိုးစုံ ၁၇,၆၉၇ လက်၊ လက်လုပ်မိုင်း/ ဗုံး ၂၇,၂၁၃ လုံးအပါအဝင် ခဲယမ်းမျိုးစုံ ၁,၃၈၂,၆၆၇ တောင့် သိမ်းဆည်းရမိခဲ့ပါကြောင်း၊ အစိုးရ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သား အပါ အဝင် စုစုပေါင်း သေဆုံး ၅,၄၄၃ ဦးနှင့် ဒဏ်ရာရ ၄,၅၇၇ ဦး ရှိပါကြောင်း၊ ဗုံးဖောက်ခွဲမှုအနေဖြင့် ကားလမ်း ၁၀၂၁ ကြိမ်၊ ရထားလမ်း ၆၆ ကြိမ်၊ တံတား ၁၃၇ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂၃ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ ကြိမ်၊ မီးရှို့ ဖျက်ဆီးမှုအနေဖြင့် ကားလမ်း ၅၈ ကြိမ်၊ တံတား ၁၂ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၁၃၂ ကြိမ်၊ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် သံဃာ ၇၀ ပါး၊ သီလရှင် ၂ ပါး၊ ပညာရေး ဝန်ထမ်း ၆၆ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၅၂ ဦး သေဆုံးမှုများရှိခဲ့ပါကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)