MNP - ဖေဖော်ဝါရီ ၂၄
မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade(5)နှင့် Grade(9) အတန်းတင်စာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ မှစတင် ကျင်းပ ခဲ့ရာ ယနေ့ တတိယနေ့ သင်္ချာဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျှက်ရှိကြောင်းသိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ဘီးလင်းမြိုနယ်ရှိ စာစစ်ဌာန(၃၀)ခု၌ Grade(5) စာမေးပွဲအား ကျောင်းသား (၉၃၉)ဦးနှင့်ကျောင်းသူ(၈၈၁)ဦး စုစုပေါင်း(၁၈၂၀) ဦးတို့ ဝင်ရောက်ဖြေဆိုကြပြီး Grade (9) စာမေးပွဲအား ကျောင်းသား (၄၉၇)ဦး၊ ကျောင်းသူ (၇၂၉)ဦး စုစုပေါင်း(၁၂၂၆)ဦးတို့ ဝင်ရောက် ဖြေဆိုခဲ့ကြသည်။
ကျောင်းသား ၊ကျောင်းသူများစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး အတွက် မြို့နယ်ပညာရေးမှူး နှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ က စာစစ်ဌာနများတွင် အနီးကပ်ကြီးကြပ်ဆောင် ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment