ဒေးဒရဲမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် Grade(5)၊ နှစ်ဆုံးစာမေးပွဲများ ဖြေဆိုပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် Grade(5)၊ နှစ်ဆုံးစာမေးပွဲများ ဖြေဆိုပြီးစီး


MNP  -   ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade(5)နှစ်ဆုံးစာမေးပွဲများကို ယနေ့ နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ နှစ်ဆုံးစာမေးပွဲများကို မြို့နယ်အတွင်းရှိ  စာစစ်ဌာန (၁၉၅) ခုတွင် Grade(5) ကျောင်းသား၊ ကျောင်းသူ (၂၆၀၄)ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘာသာရပ်များကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုလျက်ရှိပြီး အခြေခံပညာ အလယ်တန်းအဆင့် Grade(9) နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန(၈၆)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၁၅၉၉) ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊  အထွေထွေသိပ္ပံ ဘာသာရပ်များကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်  ဝင်ရောက်ဖြေဆိုလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ဘာသာအားလုံး ဖြေဆိုပြီးစီးမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေး မြို့နယ်ပညာ ရေးမှူး ဦးလှစိုး လမ်းညွှန်မှုဖြင့်  တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးက သိရသည်။


အေဇာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)