NLD ပါတီမှ အင်းစိန်မြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဝေဖြိုးဟန်၏ ခိုင်းစေချက်ကြောင့် ကမာရွတ်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လှိုင် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD ပါတီမှ အင်းစိန်မြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဝေဖြိုးဟန်၏ ခိုင်းစေချက်ကြောင့် ကမာရွတ်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လှိုင် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား ဖမ်းဆီးရမိ



MNP ၊ ဖေဖော်ဝါရီ ၁၂

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူ နှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်း များအား ဓားပြတိုက်လုယက်ခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဓာတုဗေဒလမ်းရှိ မြတ်မိဘကုမ္ပဏီ၊ ရွှေဝါဆပ်ပြာ စက်ရုံ၊ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုး(စစ်မှုထမ်းဟောင်းငြိမ်း)သည် ဘတ်စ်ကား ဂိတ်မှ စက်ရုံသို့ လမ်းလျှောက်လာစဉ် လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင် လမ်း၊ ရတနာမွန်အိမ်ရာ၊ တိုက်အမှတ်(၃/အေ)ရှေ့အရောက်တွင် စက်ဘီးစီးနင်းလာ သော အကြမ်းဖက်သမား ၂ ဦးမှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ်လုပ်ကြံ သတ်ဖြတ် ခြင်း ခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင်သတင်းပေးမှုများကြောင့် ဦးမြင့်စိုးအား လုပ်ကြံသတ်ဖြတ် ရာတွင်ပါဝင်ခဲ့သည့် တရားခံ တင်စိုး(ခ)ဘိုးတော် အား ဖေဖော်ဝါရီလ ၇ ရက် နေ့လယ်ပိုင်းတွင် လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမပေါ်၌ လည်းကောင်း၊ အကြမ်းဖက်အဖွဲ့ဝင်များနှင့် ချိတ်ဆက်ပေးခဲ့သူ  တရားခံ အေးသိန်း အား ယင်းနေ့ညနေ ပိုင်းတွင် လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဓာတုဗေဒလမ်းရှိ ရွှေဝါဆပ်ပြာစက်ရုံဝင်း အတွင်းရှိ နေအိမ်၌ လည်းကောင်း၊ တရားခံ ချစ်ကို အား ယင်းနေ့ညပိုင်းတွင် ကမာရွတ် မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ခေမာလမ်း၊ တိုက်အမှတ်(၉)၊ အခန်းအမှတ်(ဘီ/၄)၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်တွင် လက်နက်/ခဲယမ်းများ ပေးအပ်ခဲ့သည့် လှိုင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အောင်ဇော်လင်း(ခ)အောင်ကြီး အား ဖေဖော်ဝါရီလ ၈ ရက် ညပိုင်းတွင် လှိုင်သာယာ မြို့နယ်၊ ရမည်းသင်းလမ်း၊ အမှတ်(၁၄၇၀/က)နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ အောင်ဇော်လင်း(ခ)အောင်ကြီး၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် လှိုင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အောင်ခန့်ဖြိုး(ခ)မိုးတိမ် နှင့် ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း တို့ ၂ ဦးအား ဖေဖော်ဝါရီလ ၉ ရက် နေ့လယ်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/က)ရပ်ကွက်၊ သမာဓိ(၁)လမ်း၊ အမှတ်(၅၅၆)နေအိမ်၌ လည်းကောင်း၊ ညီညီထွေး(ခ)သံချောင်းအား လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်(၁၈)လမ်း၊ အခန်းအမှတ်(ဒီ/၁၀)၌လည်းကောင်း အသီးသီးထပ်မံ ဖမ်းဆီး ရမိခဲ့သည်။


ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကျား ၇ ဦးအား ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လှိုင် PDF အမည်ခံ အကြမ်းဖက် အဖွဲ့ဝင်များဖြစ်သော အောင်ဇော်လင်း(ခ)အောင်ကြီး၊ အောင်ခန့်ဖြိုး(ခ)မိုးတိမ်၊  ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း နှင့် ညီညီထွေး(ခ)သံချောင်း တို့ ၄ ဦးသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလခန့်တွင် KNLA တပ်မဟာ(၂)၊ ရင်း(၆)နယ်မြေ၌ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား ၁ လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လခန့်တွင် လှိုင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား NLD ပါတီမှ အင်းစိန်မြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖမ်းဆီးရန်ကျန်တရားခံ ဝေဖြိုးဟန်နှင့် ဖမ်းဆီးရန်ကျန်တရားခံ ကြိုးကြာ(ခ)သန်းဝင်းထွန်း(ခ)ဘိုဘား တို့ ခေါင်းဆောင်၍ အောင်ဇော်လင်း(ခ)အောင်ကြီး၊ အောင်ခန့်ဖြိုး(ခ)မိုးတိမ်၊  ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း၊ ညီညီထွေး(ခ)သံချောင်းနှင့် ဖမ်းဆီးရန်ကျန်တရားခံများ ဖြစ်သော မောင်ဇော်(ခ) လှိုင်ဘွား၊ Snake ၊ ပူတင်၊ စိုင်းရပ်၊ အေကေ နှင့် ကြက်ဖကြီး တို့ ပါဝင်သော အဖွဲ့ဝင် ၁၂ ဦးဖြင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ရန်  ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။


ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် မြတ်မိဘကုမ္ပဏီ၊ ရွှေဝါဆပ်ပြာစက်ရုံ အရောင်းကိုယ်စားလှယ်ဝန်ထမ်း အဖြစ်လုပ်ကိုင်နေသူ ချစ်ကို သည် စက်ရုံဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုးအပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များဖြင့် ဒလန်ဟုစွပ်စွဲ၍ စက်ရုံဝန်ထမ်းဟောင်းများဖြစ်သည့် တင်စိုး(ခ)ဘိုးတော်နှင့် အေးသိန်းမှတစ်ဆင့် လှိုင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အောင်ဇော်လင်း(ခ)အောင်ကြီးထံသို့ ဆက်သွယ်ကာ ဦးမြင့်စိုးအား လုပ်ကြံသတ်ဖြတ် ရန်အတွက်  ဦးမြင့်စိုး၏ နေထိုင်သွားလာမှုအခြေအနေများအား သတင်းပေးပို့ ခဲ့ကြောင်းနှင့် လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်အား တင်စိုး(ခ)ဘိုးတော် သည် အောင်ဇော်လင်း(ခ)အောင်ကြီးထံမှ ကြိုတင်ယူဆောင်၍ ၎င်း၏နေအိမ်တွင် သိမ်းဆည်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ  ဇန်နဝါရီလ ၃၀ ရက် ၀၄၃၀ နာရီတွင် တင်စိုး(ခ)ဘိုးတော်သည် ပစ္စတိုသေနတ်အား အောင်ဇော်လင်း(ခ)အောင်ကြီး ထံသို့ လှိုင်မြို့နယ်၊ အေးရိပ်မွန်လမ်းနှင့် ရတနာမွန်(၇)လမ်းအနီး၌ သွားရောက် ပေးအပ်ခဲ့ပြီး အောင်ဇော်လင်း(ခ)အောင်ကြီးသည် အဆိုပါပစ္စတိုသေနတ်အား ချောင်းဝ ကားမှတ်တိုင်အနီး၌ အသင့်စောင့်ဆိုင်းနေသည့် လှိုင် PDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ မောင်ဇော်(ခ)လှိုင်ဘွားနှင့် Snake ထံသို့ ထပ်မံ ပေးအပ်ခဲ့ကြောင်း၊ ၀၅၄၅ နာရီခန့်တွင် မောင်ဇော်(ခ)လှိုင်ဘွားနှင့် Snake တို့   ၂ ဦးသည် ကားမှတ်တိုင်မှ လမ်းလျှောက်လာသော ဦးမြင့်စိုးအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား စောင့်ကြည့်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လှိုင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်မှုထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၁၀ ကြိမ် ကျူးလွန် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-


(က)    ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ လှည်းတန်း(၂)လမ်းထိပ်၌ အပြစ်မဲ့ပြည်သူ ၃ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း နှင့် ညီညီထွေး(ခ)သံချောင်း တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၂ ဦးသေဆုံး၍ ၁ ဦးဒဏ်ရာရရှိခဲ့မှုတွင်  အောင်ဇော်လင်း (ခ)အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။


( ခ )    ဇူလိုင်လ ၁၅ ရက်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဦးအောင်ပွင့်လမ်း၌ ရာအိမ်မှူး ဦးခင်မောင်လတ်(ခ)ကိုလတ်အား  ဒလန်ဟုစွပ်စွဲ၍ ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း နှင့် ညီညီထွေး(ခ) သံချောင်း တို့မှပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ ကြောင်း။


( ဂ )    ဇူလိုင်လ ၁၈ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင် (၉)လမ်းပေါ်၌ တပ်မတော်မှအရာရှိ ၁ ဦးနှင့် ဇနီးဖြစ်သူတို့အား ဖမ်းဆီးရန်ကျန်တရားခံ မောင်ဇော်(ခ)လှိုင်ဘွား နှင့် Snake တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ရာတွင်  အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေး ခဲ့ကြောင်း။


(ဃ )   ဩဂုတ်လ ၃၀ ရက်တွင် အင်းစိန်မြို့နယ်၊ ဈေးကုန်း(အရှေ့) ရပ်ကွက်၊ အင်းစိန်ဈေးအနီး၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား ဖမ်းဆီးရန် ကျန်တရားခံ မောင်ဇော်(ခ)လှိုင်ဘွား နှင့် စိုင်းရပ် တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း (ခ)အောင်ကြီးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။


( င )    စက်တင်ဘာလ ၁၇ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ရတနာလမ်း၌ ရာအိမ်မှူး ဦးအောင်စိုးအား ပြည့်ဖြိုးငြိမ်း(ခ) ကိုကင်း နှင့် ညီညီထွေး(ခ)သံချောင်း တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။


( စ )    အောက်တိုဘာလ ၆ ရက်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၌ စစ်မှုထမ်းဟောင်း ဦးသိန်းမြင့်ဦးအား ညီညီထွေး(ခ)သံချောင်း နှင့် ဖမ်းဆီးရန်ကျန်တရားခံ အေကေ တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။


(ဆ)    အောက်တိုဘာလ ၂၀ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ဗဟိုလမ်းထောင့်နှင့် ပေါင်းစည်းလမ်းထောင့်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် အပြစ်မဲ့ပြည်သူ ၁ ဦးတို့အား အောင်ခန့်ဖြိုး (ခ)မိုးတိမ် နှင့် ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း (ခ)အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။


( ဇ )    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်(၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် အမှတ်(၂)လမ်း ထောင့်၌ စစ်မှုထမ်းဟောင်း ဦးကျော်မင်းသန်းနှင့် ဇနီးဖြစ်သူ ဒေါ်နော်စောမြတ်မွန် တို့အား ဖမ်းဆီးရန်ကျန်တရားခံ မောင်ဇော် (ခ)လှိုင်ဘွား နှင့် ကြက်ဖကြီး တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေ အနေ စောင့်ကြည့်ပေးခဲ့ကြောင်း။


(ဈ )    ဇန်နဝါရီလ ၃၀ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ရာ၌ စစ်မှုထမ်းဟောင်း ဦးမြင့်စိုး အား ဖမ်းဆီးရန် ကျန်တရားခံ မောင်ဇော်(ခ)လှိုင်ဘွား နှင့် Snake တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ ရာတွင်  အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေစောင့်ကြည့် ပေးခဲ့ကြောင်း။


(ည)    ဖေဖော်ဝါရီလ ၃ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဇေယျ မင်္ဂလာ(၂)လမ်း၌ မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေး အား ဖမ်းဆီးရန် ကျန်တရားခံ စိုင်းရပ် နှင့် ကြက်ဖကြီး တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။      


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါ လုပ်ကြံသတ်ဖြတ်ခြင်းများ အား NLD ပါတီမှ အင်းစိန်မြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဟောင်း ဖမ်းဆီးရန်ကျန်တရားခံ ဝေဖြိုးဟန်မှ ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောလက်နက်/ခဲယမ်းနှင့် ငွေကြေးများအား ဝေဖြိုးဟန်သည် ၎င်းတို့ လှိုင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် များဖြစ်သော ကြိုးကြာ(ခ)သန်းဝင်းထွန်း(ခ)ဘိုဘားနှင့် ပူတင် တို့မှတစ်ဆင့် အခြား အဖွဲ့ဝင်များထံသို့ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် နိုင်မှုအပေါ်မူတည်၍ ၅၀၀၀၀ ကျပ်မှ ၂၀၀၀၀၀ ကျပ်အထိ အသီးသီးခွဲဝေ ထောက်ပံ့ ပေးကြောင်းနှင့် လက်နက်/ခဲယမ်းများအား လုပ်ငန်းပြီးဆုံးပါက ကြိုးကြာ(ခ) သန်းဝင်းထွန်း(ခ)ဘိုဘား ထံ ပြန်လည်အပ်နှံပေးရကြောင်း ဖော်ထုတ်သိရှိရသည်။


သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီး ရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေး သူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက် ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

Donate and Support


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)