အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာရှိ နေအိမ်များအား PDF အမည်ခံအကြမ်းဖက် သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာရှိ နေအိမ်များအား PDF အမည်ခံအကြမ်းဖက် သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီး


MNP ၊ ဖေဖော်ဝါရီ  ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားများသည် ဇန်နဝါရီ ၂၃ ရက် ည ၈ နာရီခန့်တွင် အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာ၏ မြောက်ဘက်နှင့် အရှေ့မြောက် ဘက်တို့မှ ကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများသည် ပြန်လည်ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာ၏ အရှေ့မြောက်ဘက်ပိုင်းရှိ နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၂၃ လုံးမီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကျေးရွာများအတွင်းသို့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ပြီး အပြစ်မဲ့ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)