စစ်ကိုင်းမြို့၊ ဧရာဝတီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် PDF အကြမ်းဖက်သမားများ၏ ပြောက်ကျား ယူနီဖောင်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့၊ ဧရာဝတီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် PDF အကြမ်းဖက်သမားများ၏ ပြောက်ကျား ယူနီဖောင်းများ သိမ်းဆည်းရမိ



MNP ၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဧရာဝတီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ညနေပိုင်းက PDF အကြမ်းဖက်သမားများ၏ ပြောက်ကျား ယူနီဖောင်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ဧရာဝတီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် မန္တလေးမြို့ဘက်မှ စစ်ကိုင်းဘက် မောင်းနှင်လာသော  “ရန်ကြီးအောင်မန်း” ခရီးသည်ယာဉ်အား စစ်ဆေးခဲ့ရာ PDF ပဒက်များ၏ ပြောက်ကျား အင်္ကျီ ၅၆ ထည်၊ ပြောက်ကျားဘောင်းဘီ ၅၅ ထည်၊ PEOPLE’S SECURITY FORCE PSF တံဆိပ်ပါ အနက်ရောင် အင်္ကျီ ၈၈ ထည်နှင့်အတူ ၎င်းယာဉ်မောင်းဖြစ်သူ ဝေဖြိုးအောင်၊ ယာဉ်နောက်လိုက် ထွန်းထွန်းလွင်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)


No comments:

Post a Comment