MNP ၊ ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာအနီးရှိ PDF အကြမ်းဖက် စခန်းတွင် ဒေသခံ အပြစ်မဲ့ အမျိုးသမီး ၁ ဦးအား အကြမ်းဖက်သမားများက အကြောင်းမဲ့ဖမ်းဆီးထားကြောင်း ပြည်သူများမှ သတင်းပေးသည့်အတွက် တပ်မတော်စစ်ကြောင်းများမှ သွားရောက်ကယ်တင်ခဲ့ရာ PDF အကြမ်းဖက်များဖမ်းဆီးထားသည့် အပြစ်မဲ့ ပြည်သူတစ်ဦးအား အထိခိုက်မရှိ ကယ်တင်နိုင်ခဲ့ပြီး PDF အကြမ်းဖက်စခန်းအား ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ PDF အကြမ်းဖက်စခန်းတွင် ၅ယောက်အိပ်တဲ (မိုးကာမိုး/ကာ) ၉ လုံး၊ ၅ယောက်အိပ်တဲ (ထန်းလက်မိုး/ကာ) ၁ လုံး၊ လက်လုပ်သေနတ် ၇ လက်၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၃ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ် ၄၀မမဗုံးသီးအခွံ(ယမ်းမထည့်ရသေး) ၈၀ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၈ လုံး၊ မင်းပြုလုပ်ရာတွင်အသုံးပြုသည့်သံတိုသံစ ဆာလာအိတ် ၂ လုံး၊ ရီမု ၁ခု၊ ယမ်းမဲ ၃၀ကျပ်သားခန့် ၁ ထုပ်၊ အရှည် ပေ ၁၀၀ ခန့်ရှိ ဝါယာကြိုး ၁ ခွေ၊ ကားဘတ္တရီအိုး ၂ လုံး၊ ၁၂ဗို့ဘတ္တရီ ၁ လုံး၊ ပြောက်ကျားယူနီဖောင်းအင်္ကျီ (ဘက်တံဆိပ်မပါ) ၄ ထည် တို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost




No comments:
Post a Comment