ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုကျေးရွာအနီး ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွလမ်းရှိ ဒါလီချောင်းကူး တံတားအား အကြမ်းဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုကျေးရွာအနီး ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွလမ်းရှိ ဒါလီချောင်းကူး တံတားအား အကြမ်းဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


MNP ၊ ဖေဖော်ဝါရီ ၁၆

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုကျေးရွာအနီး ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွ လမ်းရှိ ဒါလီချောင်းကူးတံတားအား အကြမ်းဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက ်သမားများက   မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာကျေးရွာအနီး ကြာအင်ဆိပ်ကြီး-ချောင်းနှစ်ခွလမ်း၊ KM 9 နှင့် KM 10 ကြားရှိ ဒါလီချောင်းကူးတံတားအား အကြမ်းဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ရာ အလျား ၁၈၈ ပေ အနံ ၁၆ ပေခန့်ရှိ သံဘောင်တံတားတစ်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် အဆိုပါတံတားသို့ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦး ခန့်က ထပ်မံရောက်ရှိလာပြီး ကျန်ရှိနေသည့် တံတားတစ်ခြမ်းအား ထပ်မံမိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် တံတားတစ်ခြမ်းထပ်မံပျက်စီးခဲ့ပြီး လူနှင့်မော်တော်ယာဉ်များ ဖြတ်သန်း သွားလာ၍ မရကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူ များက အများပြည်သူပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှု ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)