ရက်စက်ပါပေ့ PDF ရယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရက်စက်ပါပေ့ PDF ရယ်


ဒီနေ့ မနက်စောစော စာမေးပွဲခန်းထဲမှာ တပ်မတော်အရာရှိ၊ ရဲအရာရှိတွေ ကြီးကြပ်နေတဲ့ ဓာတ်ပုံမှတ်တမ်းကို မြင်တွေ့လိုက်ရပြီး စာဖတ်ကြည့်လိုက်တော့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာ မူလတန်းလွန် ကျောင်းတွင် ကျောင်းသူ/သားများ စာမေးပွဲ ဖြေဆိုမှုအား ရပ်တန့်ရန်  PDF အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုကြောင့် ဆရာ/မ များရှောင်တိမ်းနေကြရပြီး စာမေးပွဲ ဖြေဆိုခြင်းကို မြို့နယ်ပညာရေးမှူးရုံးနှင့် မြိုနယ်လုံခြုံရေးအဖွဲ့က ကြီးကြပ်၍ ဆောင်ရွက်ပေးနေရကြောင်း သိလိုက်ရပါတယ်။

နေ့စဉ်နေ့တိုင်း သူယုတ်မာတွေရဲ့ လုပ်ရပ်တွေကို မြင်ရ ကြားရ အကုသိုလ်များလှပါတယ်။ တိုင်းပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းကြီးတွေအကြောင်း ကြားဖူးတာရှိသလို၊ မျက်မြင်ကြုံတွေ့ခဲ့ဖူးတာတော့ ရွှေဝါရောင် နဲ့ ယနေ့ မျက်မှောက် မဲလိမ်မဲခိုး အာဏာရူးတွေရဲ့ နွေရူးတော်လှန်ရေး ၂ကြိမ်ပေါ့။ ၈၈ ကာလအကြောင်းတွေ သက်ကြီးစကား သက်ငယ်ကြား ကြားသိရသမျှ ကျောင်းသားလူငယ်တွေကို နိုင်ငံရေးမှာ အသုံးချခဲ့တာတွေ ရှိတယ်။ လမ်းပေါ်စွဲတင်ခဲ့ကြတာတွေ ရှိတယ်။ ယနေ့ နွေရူးတော်လှန်ရေးလိုမျိုး ဆရာ/ဆရာမတွေကို သတ်ဖြတ်တာ၊ ကျောင်းသားကလေးငယ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုးတွေ ပြန်ပြောင်းပြောဆိုကြတာမျိုး မကြားခဲ့ဖူးဘူး။ 

ရွှေဝါရောင်ဖြစ်တော့ ကျွန်တော် ရန်ကုန်မှာ  ပထမနှစ်တက်ဖို့ ရောက်နေပါပြီ။ ဆရာတော် သံဃာတော်တွေ မေတ္တာပို့ ချီတက်နေကြတာတွေကို ကိုယ်တိုင် မြင်တွေ့ရပါတယ်။ ဆရာတော် သံဃာတော်များရဲ့ လိုလားချက်ကတော့ ပြည်သူများ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ အဓိက ဦးတည်ခြင်း ဖြစ်ပါတယ်။ ရွှေဝါရောင်မှာ ကိုယ်တိုင်ပါဝင်ခဲ့ကြတဲ့ ဆရာတော်တွေနဲ့ စကားဆုံဖြစ်တိုင်း မေးမြန်းဖြစ်ပါတယ်။ ဆရာတော် သံဃာတော်တွေရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံရေးသမားတွေက ဝင်ပြီး အမြတ်ထုတ်ကြတာပဲ ဖြစ်ပါတယ်။ ဆရာတော်သံဃာတော်တွေထဲကို နိုင်ငံရေးသမားတွေက သင်္ကန်းခြုံပြီး ဝင်းလာတယ်။ အဲဒီလူတွေမှာ နက်လက်ခဲယမ်းတွေ ပါတယ်။ နိုင်ငံရေးသမားတွေက ဆန္ဒပြပွဲမှာ မပါဝင်တဲ့ကျောင်းတွေကို ထမိန်ထုပ်တွေ၊ ဘော်လီထုပ်တွေ သွားပစ်ထည့်တယ်။ သံဃာတော်တွေကို ထမိန်ဝတ်ထား၊ ဘော်လီဝတ်ထားလို့ ပျက်ရယ်ပြုစော်ကားတာပဲဖြစ်ပါတယ်။ မခံချင်စိတ်နဲ့ ထွက်လာအောင် စွဲထုတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ရွှေဝါရောင်မှာ တကယ်ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ယနေ့ ရွှေဝါရောင်အမည်ခံပြီး လုပ်စားနေသူတွေနဲ့ လုံးဝမှ မသက်ဆိုင်ပါဘူး။ 

ယနေ့ ရွှေဝါရောင်အမည်ခံပြီး ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေကတော့ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ အလိုကျ ကိုယ့်ပြည်သူအချင်းချင်း ရန်တိုက်၊ ကိုယ့်ဘာသာ သာသနာကို ပြန်စော်ကားနေတဲ့ ရွှေဝါရောင်အမည်ခံ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ 

ရွှေဝါရောင်တုန်းကလည်း အစိုးရကို ဆန့်ကျင်တာ၊ ပုန်ကန်တာပဲ ဖြစ်ပါတယ်။ သို့ပေသော် ယနေ့ကြုံတွေ့နေရတဲ့ အဖြစ်ဆိုးမျိုး ပညာရေးကို နှောက်ယှက်ဖျက်ဆီးတာမျိုး၊ ဆရာ/ဆရာမတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးတွေ မကြုံတွေ့ခဲ့ရပါဘူး။ 

ယနေ့ အချိန်မှာ ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်နေတဲ့ နိုင်ငံရေးလုပ်စားသူတွေကို ကြည့်လိုက်ရင် ၁၉၈၈ ကာလ အစောပိုင်း၊ ၂၀၁၀ မတိုင်မီ ဆယ်တန်းအောင် ဘွဲ့ရခဲ့ကြတဲ့သူတွေ ချည်းပဲ ဖြစ်နေပါတယ်။ သူတို့ကိုယ်တိုင် ပညာသင်ကြားခဲ့တဲ့ ကာလဟာ တကယ့် တပ်မတော်အစိုးရ စစ်စစ် လက်ထက်ပါပဲ။ သူတို့ကိုယ်တိုင် တပ်မတော်အစိုးရ က သင်ကြားပေးတဲ့ ပညာကို သင်ခဲ့ကြတယ်။ ဆယ်တန်းအောင်၊ ဘွဲ့ရ၊ ဆရာဝန်၊ အင်ဂျင်နီယာကြီးတွေ ဖြစ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ 

ယနေ့အချိန်မှာ အဲဒီလို တပ်မတော်အစိုးရရဲ့ ပညာရေးနဲ့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေက ကျောင်းမတတ်နဲ့ ကျောင်းထွက်၊ စစ်ကျွန်ပညာရေး အလိုမရှိ တဲ့။ ကောင်းလိုက်တဲ့ ကြွေးကြော်သံတွေဗျာ။ သူယုတ်မာများရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေ က ကောင်းလွန်းတော့ နားယောင်ပြီး ကျောင်းမတတ်တဲ့ လူငယ်တွေ ရှိတယ်။ စာမသင်ဘဲ CDM လုပ်သွားကြတဲ့ ဆရာ/ ဆရာမတွေ ရှိတယ်။ မဟုတ်မမှန် လုပ်ကြံဖန်တီး လှုံ့ဆော်ရာမှာ သူမတူအောင် စွမ်းနိုင်သူတွေနဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး နားယောင်လွယ်သူတွေနဲ့ တွေ့တဲ့အခါကြတော့ ယနေ့ ပညာရေးမှာလည်း ကမောက်ကမတွေကို ဖြစ်လို့ပါပဲဗျာ။ 

၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဦးပိုင်းလောက်ပေါ့ တန့်ဆည်ဘက်က ရွာတစ်ရွာရောက်တော့ ပြောင်းရွှေ့နဲ့ ကျလာတဲ့ ဆရာမတွေရဲ့ ကားကို PDF ခွေးဝဲစားတွေက ချောင်းပစ်လို့ ဆရာမတွေ မှာ ဘုရားတပြီး ရွာရောက်အောင် လာခဲ့ကြရတဲ့ အဖြစ်မျိုး။ တန့်ဆည်မြို့နယ် ကဘဲရွာ စာသင်ကျောင်းကို Drone နဲ့ ဗုံးလာချတာ။ ကျောင်းဝိုင်းထဲ မကျဘဲ ကျောင်းဝိုင်း အပြင်ဘက်မှာ ကျရောက်ပေါက်ကွဲတယ်။ နွားကျောင်းနေတဲ့ ကလေးတစ်ယောက် ဗုံးစထိမှန် ဒဏ်ရာတွေ ရရှိခဲ့တယ်။ 

PDF ဆိုသူတွေ လူစိတ်မရှိကြတော့ဘူးဆိုတာ ဒီလို လုပ်ရပ်တွေက သက်သေခံနေတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ဆရာ/ ဆရာမ၊ ပညာရေးဝန်ထမ်းတွေ အသတ်ခံခဲ့ရတာလည်း မနည်းတော့ဘူး။ 

၂နှစ်တာ ကာလအတွင်းမှာ ဆရာ/ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်း ၆၆ဦး ကို သတ်ဖြတ်ခဲ့ကြတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကျေးရွာတချို့မှာ ယနေ့တိုင်အောင် စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်ပါဘူး။ စာသင်ကျောင်းတွေဟာ KIA/PDF တွေရဲ့ အကြမ်းဖက်စခန်း ဖြစ်နေပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြင်းပြင်းထန်ထန် နှိမ်နင်းဖယ်ရှားခဲ့တာမျိုး မရှိပါဘူး။ အဲဒီလို မရှင်းဘဲ ထားတဲ့အခါကြတော့ သူယုတ်မာတွေက သူတို့ လုပ်ချင်ရာ လုပ်ခွင့်ရနေတယ်။ သောက်ရှက်မရှိ ငါတို့ နိုင်နေပြီလို့ အော်နေကြတာတွေလည်း တွေ့ရမှာပေါ့ဗျာ။ ဒါတွေက အလွန်အမင်း ငဲ့ညှာလွန်းတဲ့အတွက်ကြောင့် အကြမ်းဖက်သမားတွေ ဇောင်းကြွနေခြင်းသဘောပဲ ဖြစ်ပါတယ်။ 

PDF အကြမ်းဖက်သမားတွေက စာမေးပွဲဆက်မဖြေဖို့ ခြိမ်းခြောက်လို့ ဆရာ/ဆရာမတွေ တိမ်းရှောင်နေရတယ်။ စာမေးပွဲခန်းကို တပ်မတော်အရာရှိတွေ၊ ရဲအရာရှိတွေ စောင့်ကြပ်ပေးနေရတယ်။ သူယုတ်မာ PDF လူရမ်းကားတွေ မင်းတို့ရဲ့ ဇကို အဲဒီမှာ တွေ့မြင်ရတာပဲ။ မင်းတို့ လက်နက်မဲ့ ဆရာ/ ဆရာမတွေကိုတော့ ခြိမ်းခြောက်တယ်။ ဖမ်းဆီးသတ်ဖြတ်တယ်။ အဲဒီမှာ မင်းတို့ တော်လှန်ချင်ပါတယ်ဆိုတဲ့ မင်းတို့ဘိုးအေတွေ စာမေးပွဲခန်း စောင့်နေတယ်။ မင်းတို့ လာရဲလား။ လုပ်ရဲလား။ မင်းတို့ကို သမနိုင်တဲ့ သူဆိုရင် မင်းတို့ မကျေနပ်ပါဘူးလို့ လိပ်ခေါင်းထွက်အောင် အော်နေ၊ မင်းတို့ သေမှာသိတော့ မလုပ်ရဲဘူးမှတ်လား။ 

ဆရာ/ ဆရာမတွေ တိမ်းရှောင်နေတာကို အပြစ်ပြောလို့ မရပါဘူး။ ၂၃-၂-၂၀၂၃ ရက်နေ့ကမှ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာ အခြေခံပညာမူလတန်းကျောင်း(တဂေးချောင်းဖျား)ကကျောင်းအုပ် ဆရာမ ဒေါ်နွယ်နွယ်ဦး ကို PDF အကြမ်းဖက်သမားတွေက ဖမ်းခေါ်သွားပြီး လမ်းဘေးမှာ ပစ်သတ်ထားခဲ့ကြတဲ့ ဖြစ်စဉ်က ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ PDF အကြမ်းဖက်သမားတွေ ပြောတော့ဖြင့် တော်လှန်ရေးတဲ့။ တော်လှန်ရေးလုပ်တဲ့ကောင်တွေက သူတို့ကို အမှုန့်ကြိတ်ယ့် တပ်မတော်ကို မတော်လှန်ရဲဘူး။ လက်နက်မဲ့ သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ၊ အပြစ်မဲ့ ပြည်သူတွေကို နည်းမျိုးစုံစွာနဲ့ ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်တဲ့ အလုပ်ပဲ လုပ်ရဲတယ်။ 

သူတို့ရဲ့ သစ္စာအဓိဋ္ဌာန်တွေမှာတော့ဖြင့် ပြည်သူကို ကာကွယ်မှာတဲ့။ နေ့စဉ်နဲ့အမျှ လက်နက်မဲ့ ပြည်သူတွေကိုပဲ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေကြတယ်။ သစ္စာစူးလို့ ဘေးတွေ့ကြပါစေဗျာ။ မင်းတို့တတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကြားမှာ ကျီးလန့်စာစား ပညာသင်ကြားနေကြရတဲ့ ကလေးငယ်တွေကို ကိုယ်ချင်းစားစိတ်လေး ထားပေးကြပါအုံးကွာ။ 


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)