ရွှေဘိုမြို့နယ်၊ ညောင်ကန်သာကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများအား ဖော်ထုတ်ရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုမြို့နယ်၊ ညောင်ကန်သာကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများအား ဖော်ထုတ်ရှင်းလင်း



MNP ၊ ဖေဖော်ဝါရီ ၂၂ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ညောင်ကန်သာကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများအား ယမန်နေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်၊ ညောင်ကန်သာကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် PDF အကြမ်းဖက်သမားများက ကျေးရွာအနီးတွင် ကောက်ကျစ်ယုတ်မာစွာ ထောင်ထားသော လက်လုပ်မိုင်းများအား ဖော်ထုတ်ရှင်းလင်းရေးဆောင်ရွက်နေစဉ် PDF အကြမ်းဖက်သမားများက ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲများက ပြန်လည် ပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက်သမားများ ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်း ၅ လုံးအား သက်မဲ့ပြုလုပ်ဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။

 

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)