PDF အမည်ခံအကြမ်းဖက်သမားများ အကြောင်းမဲ့ရက်စက်စွာ မိုင်းခွဲတိုက်ခိုက်ခဲ့မှု ကြောင့် ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကြည့်ရှု အားပေးပြီး ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများ အကြောင်းမဲ့ရက်စက်စွာ မိုင်းခွဲတိုက်ခိုက်ခဲ့မှု ကြောင့် ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကြည့်ရှု အားပေးပြီး ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်




MNP ၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အရာတော်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခန်းဆုံးစာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ မိုင်းခွဲ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူ ၁ ဦး သေဆုံးခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား   ယနေ့  နေ့လယ်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၄၂ သိန်း၊  တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့သည့်ငွေကျပ် ၁၇ သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးမှ ထောက်ပံ့သည့် ငွေကျပ် ၁၇ သိန်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၇၆ သိန်းနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ ပေးအပ်သည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည့် စာမေးပွဲဖြေဆိုကြမည့် တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား နယ်မြေခံတပ်၊ တပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)