MNP ၊ ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ပဒတ်တိုင်းကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မြင်းမူမြို့နယ်၊ ပဒတ်တိုင်းကျေးအနီးတွင် ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် PDF အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ သွားရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမားများ အထိနာ၍ ထွက်ပြေးသွားခဲ့ပြီး PDF အကြမ်းဖက်သမား ၁ဦး အသေဖမ်းဆီးရမိမခဲ့သည်။
အဆိုပါ ထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမားများ အသုံးပြုသည့် အမ်-၂၂ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည်ဆံ ၇ တောင့်၊ လက်လုပ်သေနတ် ၁ လက်တိုအား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးအဖွဲဝင်များသည် PDF အကြမ်းဖက်သမားများ နောက်သို့ ထပ်ကြပ်မကွာ လိုက်လံ ရှင်းလင်းခဲ့ရာ ပဒက်တိုင်းကျေးရွာ အတွင်းရှိ အဆောက်အဦအတွင်းမှ လက်လုပ်သေနတ် ၁၀ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်မိုင်း ၁၈ လုံး၊ လက်လုပ် Drop Bomb ၅ လုံး၊ ယမ်းပျော့ချောင်း ၂၂ ချောင်း၊ အိုင်ကွန် ၁ လုံး၊ လက်လုပ်သေနတ်ပြောင်း ၂၅ ချောင်း၊ ပြောက်ကျား ယူနီဖောင်း ၅ စုံ၊ အမှတ်(၁)တပ်ခွဲစာတန်းပါ ရှပ်အင်္ကျီအမဲ ၇ ထည်၊ ကား ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တာဝန်သိပြည်သူများ၏ ပူးပေါင်းသတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ညောင်ပင်ကန်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမား ခိုးအောင်းခဲ့ပြီး လက်နက်ခဲယမ်းများ ထားရှိကြောင်း သိရသဖြင့် သွားရောက်ရှင်းလင်းခဲ့ရာ လုံခြုံရေးအဖွဲဝင်များ၏ ကြိုးစားအားထုတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား ရက်စက်ယုတ်မာရိုင်းစိုင်းစွာ ဖမ်းဆီး သတ်ဖြတ်နေသော PDF အကြမ်းဖက်သမားများ အသုံးပြုသည့် လက်လုပ်သေနတ် ၅ လက်၊ ဆေးထိုးအပ်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁၅ ခု၊ ယမ်းပျော့ချောင်း ၂၀ ချောင်း၊ ယမ်းမဲ ၁ ပိဿာခန့် ၁ ဘူး၊ တွင်ခုံ ၁ ခု၊ မီးစက် ၁ လုံး၊ သစ်လုံး ဘန်ကာ ၁ ခု၊ လူနေတဲ ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက်နှိမ်နင်းမှုဖြစ်စဉ်အတွင်း လုံခြုံရေးအဖွဲဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment