ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


MNP ၊ ဖေဖော်ဝါရီလ ၂၀

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ယမန်နေ့ နံနက်ပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်းကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များအား အဖျက်အမှောက် လုပ်ဆောင်နေသော PDF အကြမ်းဖက်သမားများက အဝေးမှ ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများ အသုံးပြုသည့်   ဘီအေ ၆၃ သေနတ် ၁ လက်၊  ၎င်းကျည်အိမ် ၁ ခု၊ ၅.၅၆ ကျည် ၁၈၃ တောင့်၊ ၇.၆၂ ကျည် ၂၀ တောင့်၊ ၄၅ တောင့်ဝင် ကျည်အိမ် ၂ ခု၊  Ak ကျည် ၆၀ တောင့်၊ ဝါယာကြိုး ၁ ခွေ၊ ကတ်တာ ၃ ခု၊ ရီမု ၁ ခု၊ ရီမု ဆားကစ် ၄၅ ခု၊ သွေးပေါင်ချိန်တိုင်း ကိရီယာ ၁ ခု၊  မီးတိပ် ၅ ခွေ၊ တိုက်မိုင်းခလုတ် ၃ ခု၊ တိုက်မိုင်းငုတ် ၁၀ ခု၊ ဘတ္ထရီအိုးမျိုးစုံ ၂၅ လုံး၊ ခေါင်းစီး ဓာတ်မီး ၁ လက်၊ အလံ ၁ ထည် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)