ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ SMM ကုမ္ပဏီမှ အပြည်ပြည်ဆိုင်ရာစီမံကိန်း ဌာနအကြီးအကဲ Mr. Roman Siurin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ SMM ကုမ္ပဏီမှ အပြည်ပြည်ဆိုင်ရာစီမံကိန်း ဌာနအကြီးအကဲ Mr. Roman Siurin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


MNP   -   ဖေဖော်ဝါရီ ၁၆

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ SMM ကုမ္ပဏီမှ အပြည်ပြည်ဆိုင်ရာစီမံကိန်းဌာနအကြီးအကဲ Mr. Roman Siurin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ဆွေးနွေး


တွေ့ဆုံစဉ် ဆိပ်ကမ်းများ၊ သယ်ယူပို့ဆောင်ရေးဂိတ်များ၊ သင်္ဘောကျင်းများနှင့် စက်မှုလုပ်ငန်းများတွင် ဝန်တင်/ချရာ၌ အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ SMM ကုမ္ပဏီ၏ ထုတ်ကုန်များနှင့်ပတ်သက်၍ လည်းကောင်း၊ စက်မှုဝန်ကြီးဌာနရှိ အကြီးစားစက်မှုလုပ်ငန်းလေးခုတွင် ရုရှားနိုင်ငံမှ ကုမ္ပဏီများ လာရောက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးသည်


တက်ရောက်


တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Corporation “Rostec” ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Vladimir Kazadaev တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)