အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကျင်းပ


MNP   -   ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး သိကောင်းစရာများနှင့် ပတ်သက် ၍ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်၊ အင်းစိန်မြို့နယ်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏီ-တောင်တွင်းကြီး)တို့က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ်အရေးကြီးပုံ၊ ပြည်ထောင်စုထာဝရတည်တံ့နိုင်ရေး၊ တိုင်းရင်းသား လူမျိုးတိုင်း တန်ဖိုးထားဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေး ကြသည်။


အဆိုပါ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)အနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အသိပညာပေး လုပ်ငန်းများကိုလည်း Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။


ဇွဲထက်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment