ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုမှ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော် ၆ ပါးတို့အား မင်္ဂလဓမ္မဇောတိက ဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုမှ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော် ၆ ပါးတို့အား မင်္ဂလဓမ္မဇောတိက ဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်

 


MNP ၊ ဖေဖော်ဝါရီ  ၂၆

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုမှ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော် ၆ ပါးတို့အား မင်္ဂလဓမ္မဇောတိက ဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းနှင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ထန်းတပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီကျောင်းတိုက်၌ ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာ နာယက ဒုတိယဥက္ကဋ္ဌ ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA)ဗဟိုမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ ဩဝါဒါစရိယ တိပိဋက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်ကြီး၏ ပဓာန နာယက ပစ္ဆာသမဏ၊ မဟာ သဒ္ဓမ္မဇောတိကဓဇ မဟာမင်္ဂလဓမ္မဇောတိကဓဇ ပွင့်လင်းဆရာတော် ဘဒ္ဒန္တဝညိန္ဒ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိစာသင် တိုက်ကြီး၏ ပဓာန နာယက ဆရာတော် ထံမှ သာရဏီယဩဝါဒ ကထာနာယူကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် မင်္ဂလဓမ္မဇောတိကဓဇ ဘွဲတံဆိပ်တော် များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို ဥက္ကဋ္ဌ ဦးရဲထွန်း ကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးဟန်မြင့် က မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ရခြင်းအကြောင်း ရှင်းလင်းလျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)