ပြင်ဦးလွင်မြို့တွင် ကော်ဖီအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၆/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် ကော်ဖီအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၆/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ




MNP ၊ မတ်  ၂၀

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကော်ဖီအသင်း (ပြင်ဦးလွင်၊နောင်ချို) အစုအဖွဲ့တို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သည့် ကော်ဖီအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၆/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ပြင်ဦးလွင်မြို့၊ Coffee Park ရှိ ကော်ဖီအသင်းရုံးခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းကျော်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး ပြင်ဦးလွင်မြို့ ၊ မြန်မာနိုင်ငံကော်ဖီအသင်း (ပြင်ဦးလွင်-နောင်ချို) အစုအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်မှ သင်တန်းဆင်း လမ်းညွှန် အမှာစကား ပြောကြားကာ  ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် လက်ထောက် အင်ဂျင်နီယာတို့က သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းသားများအတွက် ထောက်ပံ့ပစ္စည်းများအား အသီးသီး ပေးအပ်ခဲ့ကြသည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှု လက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရန်အတွက် ကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အသေးစားစက်မှု ထုတ်ကုန်များ အရည်အသွေး မှန်ကန်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုရှိရန် ဓါတ်ခွဲစစ်ဆေးပေးခြင်း၊ သုတေသန ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Incubation Centre များ ထူထောင်ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များ ပေါ်ထွက် လာစေရေး ဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုလက်မှု ထုတ်ကုန်များအား ဈေးကွက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး စီမံကိန်းအဖြစ် ဒေသတွင်းမှာ တန်ဖိုးမြှင့် အမယ်သစ်များ ပေါ်ထွက်လာစေရေး ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


ယခုဖွင့်လှစ်ခဲ့သည့် ကော်ဖီအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၆/၂၀၂၃) တွင် ပေါင်မုန့်အမျိုးမျိုး၊ ကိတ်မုန့်အမျိုးမျိုး၊ ကွတ်ကီးနှင့် Donut မုန့်အမျိုးမျိုးပြုလုပ်နည်းတို့ကို သင်တန်းသား/သူ ၂၀ ဦးက (၁၃.၃.၂၀၂၃) ရက်နေ့မှ (၁၉.၃.၂၀၂၃) ရက်နေ့အထိ  တစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားခဲ့ကြပြီး သင်တန်းမှ ရရှိသော အတွေ့အကြုံများဖြင့် မိသားစု တစ်ပိုင်တစ်နိုင်ဖြစ်စေ၊ အသင်းအဖွဲ့အစည်း၊ အစုအဖွဲ့ဖြင့် ဖြစ်စေ၊ စီးပွါးဖြစ် မုန့်အမျိုးမျိုး လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး မိသားစုဝင်ငွေ တိုးပွားအောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။


ဖြူလူသစ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)