လျှပ်စစ်သုံးယာဉ် Battery Electric Vehicles (BEVs) များအား ကနဦးမှတ်ပုံတင်ဆောင်ရွက်ရန် ကညန အသိပေးကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်သုံးယာဉ် Battery Electric Vehicles (BEVs) များအား ကနဦးမှတ်ပုံတင်ဆောင်ရွက်ရန် ကညန အသိပေးကြေညာ


MNP ၊ မတ် ၁၇

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လျှပ်စစ်သုံးယာဉ် Battery Electric Vehicles (BEVs) များနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ရုံးအမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကနဦးမှတ်ပုံတင်လုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ကညန က ထုတ်ပြန်ထားသည်။

လျှပ်စစ်သုံးယာဉ်  (BEVs) များ ကနဦးမှတ်ပုံတင်ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းမှစ၍ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့်  ယာဉ်အို ယာဉ်ဟောင်း အပ်နှံသောမော်တော်ယာဉ်များကိုသာ ရန်ကုန်လိုင်စင်ထုတ်ပေးရန် ညွှန်ကြားချက်အတိုင်း ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် မှတ်ပုံတင်ဆောင်ရွက်လိုသော လျှပ်စစ်သုံးယာဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီလိုင်စင်ဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံစလစ် (ပုံစံ- ဃ) လိုအပ်ပါကြောင်း အသိပေးကြေညာထားသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)