ကျောက်ဖြူမြို့နယ်၌ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်လာစေရန် နွေရာသီ ကရာတေးဒိုသင်တန်း ဖွင့်လှစ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့နယ်၌ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်လာစေရန် နွေရာသီ ကရာတေးဒိုသင်တန်း ဖွင့်လှစ်ပြသ






MNP   -     မတ်   ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ  ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်၊ ထူးချွန်ထက် မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ နွေရာသီ ကရာတေးဒို အားကစားသင်တန်းကို ယမန်နေ့ ညနေပိုင်းမှစတင်ကာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့မအားကစားကွင်းရှိ မိုးလုံလေလုံခန်းမ၌ ဖွင့်လှစ်ပြသလျက်ရှိသည်။


ထိုသို့ ကရာတေးဒိုသင်တန်းအား သင်တန်းနည်းပြဆရာ(၃)ဦးဖြင့် ဖွင့်လှစ်ပြလျက်ရှိရာ မြို့နယ် အတွင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံလူငယ်များက စိတ်အားထက်သန် ပျော်ရွှင်စွာဖြင့် တက်ရောက်လျက်ရှိသည်။ 


သင်တန်းဖွင့်လှစ်နေမှုနှင့်ပတ်သက်၍ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုမောင်က  “ကျွန်တော်တို့ အခုလို နွေရာသီ ကရာတေးဒို အားကစား သင်တန်းကို ဖွင့်လှစ်ပြသပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးတွေဟာ နွေရာသီ ကျောင်းပိတ်ရက်ရှည်တွေမှာ အပေါင်းအသင်းတွေနဲ့ လမ်းပေါ်မှာအချိန်တွေကို အလဟသမကုန်ဆုံးစေ တော့ဘဲ အားကစားဘက်တွေကို စိတ်ပါဝင်စားလာမှာဖြစ်သလို မိမိကိုမတရားအနိုင်ကျင့်ရန်မူလာတဲ့ လူတွေကိုလည်း ပြန်လည်ခုခံကာကွယ်နိုင်မှာဖြစ်ပါတယ်၊ ပြီးတော့ မြို့နယ်အတွင်းမှာထူးချွန်ထက်မြက် တဲ့ အားကစားသမားတွေဖြစ်လာမယ်၊ မြို့နယ်ကတစ်ဆင့်ခရိုင်၊ ခရိုင်ကတစ်ဆင့်ပြည်နယ်၊ ပြီးတော့ နိုင်ငံကိုယ်စားပြုတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေဖြစ်လာကြမယ်” စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ပြသခြင်းဖြစ်ကြောင်း ပြောကြားသည်။ 


အဆိုပါ နွေရာသီ ကရာတေးဒို အားကစားသင်တန်းကို ဖေဖော်ဝါရီ(၂၈)ရက်နေ့မှ မတ်လ(၂၃) ရက်နေ့အထိ အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး မြန်မာ့သိုင်း၊ ဘောလုံး၊ မြန်မာ့ရိုးရာခြင်း၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ပြေးခုန်ပစ် စသည့် အားကစားနည်းသင်တန်းများကို မတ်လ(၃)ရက်နေ့မှ (၂၃)ရက်နေ့ အထိ မြို့မအားကစားဘောလုံးကွင်းကြီးနှင့် ငလပွေ့ရပ်ကွက်ရှိ ဘုရားရှေ့ကွင်းတို့၌ သင်တန်းနည်းပြဆရာ(၁၀)ဦးတို့ဖြင့် အခမဲ့ဖွင့်လှစ်ပြသ သွားမည်ဖြစ်ကာ တက်ရောက်လိုသူများအနေဖြင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတွင်  လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)