ပြည်သူအပေါ် ရေလို လလို ကျင့်ကြံ၊ ဒေသနှင့် တိုင်းပြည်အကျိုးအတွက် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ပြီး စွမ်းရည်စွမ်းအားရှိအောင် ကြိုးပမ်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူအပေါ် ရေလို လလို ကျင့်ကြံ၊ ဒေသနှင့် တိုင်းပြည်အကျိုးအတွက် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ပြီး စွမ်းရည်စွမ်းအားရှိအောင် ကြိုးပမ်းဆောင်ရွက်





MNP  -   မတ်   ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများလိုက်ပါ၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင် ရာများ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ထား ရှိမှုအခြေအနေများကို စစ်ဆေးသည်။                  


တိုင်းစစ်ဌာနချုပ်၏ ဦးရေးထောက်ဆိုင်ရာ လုပ်ငန်းများနှင့် နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေမှု


ဦးစွာ  တိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌ တိုင်းမှူးက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ သမိုင်း အကျဉ်း၊ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေများ၊ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေး ချမ်းရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု၊  မူးယစ်ဆေးဝါးများ  ဖမ်းဆီးရမိရေး  ဆောင်ရွက် လျက်ရှိမှု၊ တရားမဝင်ကုန်သွယ် မှုများအား  တားဆီး ဆောင်ရွက်လျက်ရှိမှု၊ ယာယီတိုက်ပွဲ  ရှောင်သူများအား ၎င်းတို့၏ နေရပ်အသီးသီးသို့  ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် လိုအပ်သည့်  ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး လျက်ရှိမှု၊ ဒေသခံပြည်သူလူထုတို့အား ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှု၊ ပညာရေးရိပ်သာများ ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ၏ စားဝတ်နေရေး အဆင်ပြေမှုရှိအောင် ဆောင်ရွက် ပေးလျက်ရှိမှု၊ တပ်ပိုင်စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများမှ သက်သာချောင်ချိရေး ဆောင်ရွက်ပေး နိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသူများအနေဖြင့်  မိမိတို့ တာဝန်ထမ်း ဆောင်ရသည့် နယ်မြေဒေသ၏ သမိုင်းကြောင်း အစဉ်အလာနှင့် ပကတိအခြေ အနေမှန်များကို  သိရှိနားလည်ရမည်ဖြစ်ပြီး  ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဒေသခံများနှင့် အတူတကွ ဝိုင်းဝန်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဖြင့်  ပြောကြား သည်။


ဆက်လက်ပြောကြားရာတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ  တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအားပြည့်ဝနေရန် လိုအပ်မည်ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့အလိုက် လေ့ကျင့်ရ မည် ဖြစ်သကဲ့သို့ လေ့ကျင့်ရေးသင်တန်းကျောင်းများကလည်း အမြဲမပြတ်လေ့ကျင့်ပေးနေရန်  လိုအပ်မည် ဖြစ်ကြောင်း၊ မိမိတို့ သင်ကြားထားသည့် စစ်ပညာများကို   ထိထိရောက်ရောက်  အသုံးချနိုင်ရန်လိုကြောင်း၊ အဆင့်ဆင့်သော ခေါင်းဆောင်များ ကိုယ်တိုင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမှသာလျှင် တိုက်စွမ်းရည်၊  တိုက်စွမ်းအား  ကောင်းမွန်သည့်တပ်များ ဖြစ်လာမည်ဖြစ်သဖြင့် စစ်သည် တစ်ဦးချင်း စိတ်ဓာတ်၊  စည်းကမ်းနှင့်  ခံယူချက်ကောင်းများရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ညီညွတ်မျှတပြီး တပ်မှူးကောင်းစိတ်ထား၍ မိမိတို့၏ လက်အောက် ငယ်သားများကို မှန်မှန်ကန်ကန် ကွပ်ကဲအုပ်ချုပ်  ဆောင်ရွက်ရန်  လိုကြောင်းဖြင့် မှာကြားခဲ့သည်။


အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာန ချုပ် ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။


အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)  ဗိုလ်ချုပ်ကြီး  မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်  ဇနီးများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ်  ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။


စွမ်းရည်ရှိပြီး စွမ်းပကားမြင့်မားသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်


ထိုသို့  တွေ့ဆုံအမှာစကား  ပြောကြားရာ၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် တိုင်းစစ်ဌာန ချုပ်နယ်မြေ အတွင်းရှိ  တပ်ရင်းတပ်ဖွဲ့များအနေဖြင့်  နိုင်ငံ၏ အနောက်ဘက်ခြမ်း  နယ်မြေလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးတာဝန်များကို ခေတ်အဆက်ဆက် တာဝန်ထမ်း ဆောင်လျက်ရှိကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည်  နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ပြည်ပအန္တရာယ်၊ ရန်စွယ်များကို ကာကွယ်ရန်ဖြစ်ပြီး ရဲတပ်ဖွဲ့သည် ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက် မှုများ၊ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရသည်ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် သမိုင်းကြောင်းအခြေ အနေများအရ တပ်မတော်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ   ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွင် ဝင်ရောက်တာဝန်  ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ပထဝီဝင်အနေအထားအရ မိမိတို့အနေဖြင့် ဖြစ်ပေါ်လာနိုင် သည့်အခြေအနေများ အပေါ်တွင်လည်း  ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်၍ အရှည်မျှော်တွေးပြီး ဆောင်ရွက်ကြရန်လိုကြောင်း။


တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်သကဲ့သို့ ပြည်ပရန်ကာကွယ်ရေးအတွက်လည်း Standard Army တစ်ခု ဖြစ်စေရေး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ လက်နက်များစွမ်းအားမြင့်မားရေး၊ အရာရှိ၊ စစ်သည်များ၏ စွမ်းရည်မြင့်မားရေးအတွက် အမြဲမပြတ်  မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များ  အားလုံး အဆင့်မြှင့်တင်ခြင်းများကို စဉ်ဆက် မပြတ်ဆောင် ရွက်ပေးလျက်ရှိသဖြင့် တပ်မတော်၏ စွမ်းပကား မြှင့်တင်ရန်အတွက် စစ်သည် တစ်ဦးချင်း၏ စွမ်းရည် မြင့်မားစေရေး  လေ့ကျင့်ရေးတာဝန်များကိုလည်း မှန်မှန်ကန်ကန်   ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် သင်ကြားပေးထားသည့် စစ်အတတ် ပညာများကို စနစ်တကျ အသုံးချမည်ဆိုပါက ထိခိုက်မှုများ  နည်းပါးစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်တစ်ဦးချင်း၊ တပ်တစ်တပ်ချင်းမှအစပြု၍ တပ်မတော်တစ်ရပ်လုံး စစ်ရေးစွမ်းရည် ထက်မြက် စေရေး ယခုထက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း။


ပြည်သူအပေါ် ရေလို လလို ကျင့်ကြံ၊    ဒေသနှင့် တိုင်းပြည်အကျိုးကိုကြည့်၍ တာဝန်ကိုကျေပွန်စွာထမ်းဆောင်


ယခင်က   ရခိုင်ပြည်နယ်သည်  အကြောင်း အမျိုးမျိုးကြောင့်  ဖွံ့ဖြိုးတိုးတက်မှု  နည်းပါးခဲ့ပြီး လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်းများ  ဖြစ်ပေါ်ခြင်းကြောင့်  ဒေသခံများအနေဖြင့် ခေတ် အဆက်ဆက် အစိုးရများအပေါ်   ရင်းနှီးနားလည်မှု  နည်းပါးခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော် အစိုးရလက်ထက်တွင်  ရခိုင်ပြည်နယ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦးအရေးအကြီး ဆုံးဖြစ်သည့်  လမ်းပန်း ဆက်သွယ်မှုများ ကောင်းမွန်စေရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်တွေ - ရန်ကုန် လမ်းမကြီးကို ဖောက်လုပ် ပေးခဲ့ကြောင်း၊ ယခင်က သွားလာမှုခက်ခဲခြင်းကြောင့် ဒေသခံရခိုင်လူမျိုးများအနေဖြင့်  မြေပြန့်ဒေသရှိ ပြည်သူများနှင့်   ထိတွေ့ဆက်ဆံမှု   နည်းပါးခဲ့ ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲပြီး ပြည်ထောင်စုကြီးပြိုကွဲစေရေးကို လိုလားသည့် အချို့သော အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တိုင်းရင်းသားအချင်းချင်း  အထင်အမြင် လွဲမှားမှုများကို  ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း၊   ထို့ကြောင့် ဒေသတွင်းတာဝန်ထမ်း ဆောင်နေကြသူများအနေဖြင့် နယ်မြေ ဒေသ၏ နောက်ခံသမိုင်းကြောင်းကို သိရှိနားလည် ရန်လိုပြီး   ဒေသတွင်း  တည်ငြိမ်အေးချမ်းရေး၊ သက်သာချောင်ချိရေး၊ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်း သားများ၏ စိတ်နေ သဘောထားများကို သိရှိပြီး စိတ်ရှည်သည်းခံ စွာဖြင့်   ဆောင်ရွက်ရန်လိုကြောင်း၊   ဒေသနှင့်တိုင်းပြည် အကျိုးကို ကြည့်၍ မိမိတို့၏ တာဝန်များကို  ကျေပွန်စွာ  ထမ်းဆောင် ကြရန်လိုကြောင်း၊ တပ်မတော်သားများသည် စည်းကမ်းနှင့်အညီနေထိုင် ကြသူများဖြစ်ခြင်းကြောင့် ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်ရာတွင်  ပြည်သူ့အပေါ် ထားရှိရမည့် ကျင့်ဝတ်တွင်ပါဝင် သည့်အတိုင်း ပြည်သူအပေါ် ရေလိုလလိုကျင့်ကြံကြရန်လိုကြောင်း၊ အလားတူဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လူထုအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြ ရန်လိုကြောင်း။


ပညာရည်မြင့်မားသည့် လူသားအရင်းအမြစ် ကောင်းများ ပေါကြွယ်ဝမှသာလျှင်  ဒေသနှင့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်


ယခင်က ရခိုင်ပြည်နယ်သည်  အုပ်ချုပ်မှုစနစ်၊ ပညာရေးတို့တွင် အားကောင်းခဲ့သည် များရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ သို့သော်လည်း နောက်ပိုင်း တွင် မူဂျာဟစ်သောင်း ကျန်းသူများနှင့် ဒေသတွင်း လူမျိုးရေးပဋိပက္ခများ  ဖြစ်ပေါ်ခဲ့မှုများစသည့် အကြောင်းအမျိုးမျိုးကြောင့်  ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာနောက်ကျခဲ့ရ ကြောင်း၊ ဒေသ တစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုး တက်ရေးအတွက် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်ကောင်းများရှိရန် မဖြစ်မနေ လိုအပ် ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရေးကို နိုင်ငံနှင့် အဝန်းမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး ရခိုင်ပြည်နယ် အတွင်း ပညာရည်မြင့်မားရေးအတွက် လည်း နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ပညာတတ်များ ပေါများမှသာ ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဆောင်ရွက် နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် တိုင်းရင်းသားအချင်းချင်း အထင်အမြင် လွဲမှားနေမှုများကို နည်းပါးစေကာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုအထောက်အကူပြုစေ မည်ဖြစ်ပြီး စုစည်း ညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။


အသိပညာ၊ အတတ်ပညာများသည် အတန်း ပညာအပေါ်တွင်  မူတည်ကြောင်း၊  ထို့ကြောင့် တပ်မတော်သားများ အတန်းပညာမြင့်မားရေး အတွက်လည်း တပ်မတော်မှ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊  အလားတူ  တပ်မတော်သားများ၏ မိသားစုဝင် သားသမီးများ ပညာရည်မြင့် မားစေရေး အားပေးဆောင်ရွက်ကြစေလိုကြောင်း၊   ကျောင်းသား ကျောင်းသူများအနေဖြင့် လမ်းခုလတ် တွင် ပညာရေး မပြီးဆုံးစေလိုဘဲ အဆင့်မြင့်ပညာရပ်များ သင်ကြားပြီးမြောက်သည်အထိ အားပေးဆောင်ရွက် ကြစေလိုကြောင်း၊ သို့မှသာ မိမိတို့သားသမီးများ၏ ဘဝရပ်တည်ရေးအတွက် အဆင်ပြေချောမွေ့စေမည် ဖြစ်ကြောင်း၊ မိမိတို့၏ မိဘများအနေဖြင့် မိမိတို့ အပေါ် မိဘတာဝန်ကျေခဲ့သကဲ့သို့  မိမိတို့အနေဖြင့်လည်း  မိမိတို့သားသမီးများအပေါ်  မိဘဝတ္တရားကျေအောင်   ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ မိမိတို့၏  အသိပညာ အတတ်ပညာများ မြင့်မားတိုးတက်စေရေးအတွက်လည်း  ဗဟုသုတ တိုးပွားစေမည့် စာအုပ်စာပေ များကို အမြဲမပြတ်ဖတ်ရှု လေ့လာနေရန်လိုကြောင်း။


မိမိကိုယ်ကိုယ် ထိန်းသိမ်းနေထိုင်ခြင်းဖြင့် လူမှုဘဝတိုးတက်စေရေး မြှင့်တင်ရမည်


ထို့ပြင် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိအတွက်   အကျိုးမရှိသည့်   အရက်သေစာ သောက်စားမှုများကို တစ်ဦးချင်း  အသိတရားဖြင့် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အရက်သေစာလွန်ကျွံစွာ   သောက်စားမှုကြောင့် ကျန်းမာရေး ထိခိုက်မှုကိုသာမက လူမှုရေးပြဿနာများပါ ကြုံတွေ့ရနိုင်ကြောင်း၊ အလားတူ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်နှင့် ကွမ်းစားသုံးမှု များကိုလည်း အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက် ကြရန်လိုကြောင်း၊   သက်သာချောင်ချိရေးနှင့် ပတ်သက်၍ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမို တိုးတက်အောင်  ဆောင်ရွက်ကြစေလိုကြောင်း၊  တပ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း အများအတွက်အကျိုးရှိမည့် မွေးမြူရေးကိုဆောင်ရွက်ကြစေ လိုကြောင်း၊  တစ်ပိုင်တစ်နိုင်  စိုက်ပျိုး မွေးမြူရေးများကို ဆောင်ရွက်ရာတွင်လည်း မိမိတို့ တတ်နိုင်သလောက်  အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် စားသုံးနိုင်ပြီး မိမိတို့၏ ငွေကြေးသုံးစွဲမှုကိုများစွာ သက်သာစေမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်တစ်ဦးချင်း အဆင့်အလိုက် ရသင့် ရထိုက်သည့် ရပိုင်ခွင့်များနှင့် အခွင့်အရေးများကိုနေရေး၊ စားရေး၊ ဝတ်ရေးတို့မှအစ တတ်နိုင်သရွေ့ ဖြည့်ဆည်း  ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ထို့ပြင် စစ်သည်တစ် ဦးချင်းအတွက် အကျိုးကို ခိုင်မာစွာ ဖြစ်ပေါ်စေနိုင်ပြီး စဉ်ဆက်မပြတ်သော အမြတ်ငွေများ နှစ်စဉ်ရရှိစေနိုင်သည့်  မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော  ကုမ္ပဏီလီမိတက် အစုရှယ်ယာထည့် ဝင်ခြင်းများကို  ဆောင်ရွက်နိုင်ရန်လည်း အခွင့်အလမ်းများ ဖော်ဆောင်ပေးထားပြီး ဖြစ်ကြောင်း၊  စစ်သည်တစ်ဦးတစ်ယောက်ချင်း၏ အကျိုးကိုမျှော်တွေး၍ ဆောင်ရွက်ပေးထားခြင်း ဖြစ်သဖြင့် မိမိတို့၏ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှုများဖြင့်  ရေရှည်ကိုကြည့်ကာ  ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။


အရာရှိ၊  စစ်သည်များအနေဖြင့် မိမိတို့လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရာတွင် အောင်မြင် မှုများ ရရှိမည်ဆိုပါက လူအများက မိမိအပေါ်ယုံကြည်မှု တိုးတက်စေမည် ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့ဘဝ တိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့ကို ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို    ထမ်းဆောင်ရာတွင် စိတ်လက်ကြည်သာစွာဖြင့် ပျော်ရွှင်စွာ ထမ်းဆောင် ကြရန်လိုကြောင်း မှာကြားသည်။


စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက်စားသောက် ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူး ကလည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏  ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွက် ချီးမြှင့်ငွေများကို  ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူ များ၏ ကျန်းမာရေးအခြေအနေများအား   ရင်းရင်းနှီးနှီး မေးမြန်းအားပေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် အမ်းမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ သွားရောက်၍  ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့်   အရာရှိ၊   စစ်သည်၊ မိသားစုဝင်များ၏  ကျန်းမာရေးအခြေ အနေများကို  တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ    စားသောက် ဖွယ်ရာပစ္စည်း များ ပေးအပ်သည်။


ယင်းနောက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့သည်  တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များမှ ဆေးကုသရေးအစီအစဉ်ဖြင့် ကုသ ပေးခဲ့ပြီး  ဆေးရုံတက်ရောက်  ကုသလျက်ရှိသည့် ဒေသခံပြည်သူများ၏   ကျန်းမာရေး အခြေအနေ တိုးတက်မှုများကို တစ်ဦးချင်းရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားကာ စားသောက် ဖွယ်ရာ ပစ္စည်းများ  ပေးအပ်သည်။  အဆိုပါ  အမ်းမြို့ရှိ နယ်မြေခံ  တပ်မတော် ဆေးရုံအနေဖြင့်  အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်းမာရေးစောင့်ရှောက် မှုများအပြင် ဒေသခံပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသခံပြည်သူအများအပြား တက်ရောက်ဆေးကုသမှု ခံယူလျက် ရှိပြီး ဒေသခံများလည်း အားကိုးယုံကြည်လျက်ရှိကြောင်း နှင့် နယ်မြေဒေသအတွင်းရှိ ပြည်သူလူထု၏ ကျန်းမာရေး မြှင့်တင်မှုများကို များစွာအထောက်အကူပေး လျက်ရှိကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)