Pages

Pages

အောင်သူ၊ ဆန်းဆက်စစ်နိုင်တို့ပြန်လည်ပါဝင်လာတဲ့ မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း






MNP - မတ်


မြန်မာအမျိုးသားလက်ရွေးစင်အသင်းဟာ အိန္ဒိယဖိတ်ခေါ်ဖလား Hero Tri-National Friendly Match ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ယမန့်အစောပိုင်းက အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားပြီး ဖြစ်ကြောင်း သိရသည်။


မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်အရ မြန်မာအမျိုးသားလက်ရွေးစင်အသင်း၏ အပြီးသတ်လူစာရင်းတွင် -

ဂိုးသမား - ကျော်ဇင်ဖြိုး (ရှမ်း)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ ပြည့်ဖြိုးသူ (ရတနာပုံ)။

နောက်တန်း - ဟိန်းဖြိုးဝင်း (ရပ်ချာဘူရီ)၊ နန္ဒကျော် (ရှမ်း)၊ ဟိန်းသီဟဇော် (ရှမ်း)၊ သက်ဟိန်းစိုး (ရတနာပုံ)၊ ဟိန်းဇေယျာလင်း (ရန်ကုန်)၊ သီဟထက်အောင် (ရခိုင်)၊ ရဲမင်းသူ (ရှမ်း)၊ ဇွဲခန့်မင်း (ရှမ်း)။

အလယ်တန်း - ဝေလင်းအောင် (ဒဂုံစတား)၊ ရန်နိုင်ဦး (ရန်ကုန်)၊ ကျော်မင်းဦး (PDRM)၊ လင်းထက်စိုး (ရှမ်း)၊ ဇော်ဝင်းသိန်း (ရန်ကုန်)၊ လွင်မိုးအောင် (ရာရောင်း)၊ မောင်မောင်လွင် (လမ်ဖူဝါရီယာ)၊ ဟိန်းထက်အောင် (ဆီလန်ဂေါ)၊ ငြိမ်းချမ်းအောင် (မြောင်ထရန်)။

ရှေ့တန်း - ဝင်းနိုင်ထွန်း (ရန်ကုန်)၊ သန်းပိုင် (ကန်ချနာဘူရီ)၊ အောင်ကောင်းမာန် (ကာစတန်)၊ အောင်သူ (လမ်ဖူဝါရီယာ) တို့ပါဝင်လာခဲ့ပြီး နည်းပြချုပ်အဖြစ် ဂျာမနီလူမျိုးနည်းပြ မိုက်ခဲလ် ဖိုင်းတန်ဘိုင်နာက တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲ၏ မြန်မာ့လက်ရွေးစင်အသင်းပါဝင်ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များကို  မြန်မာဘောလုံးချစ်ပရိတ်သတ်များ ကြည့်ရှုအား‌ပေးနိုင်ရန်အတွက် Broadcasting Copyright ကို အိန္ဒိယထံမှ ဝယ်ယူဖို့ ဆောင်ရွက်နေကြောင်း သိရှိရသည်။ဆွေးနွေးညှိုနှိုင်းမှုများ အဆင်ပြေပါက မြန်မာအသင်းပွဲစဉ်များကို ပြည်တွင်းအခမဲ့ရုပ်သံလိုင်းများနှင့် Local facebook live streaming များမှ ထုတ်လွှင့်ပြသ

မည်ဖြစ်ကြောင်း ကနဦးသတင်းများ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်






No comments:

Post a Comment