Pages

Pages

လူထုအခြေပြုဗဟိုဌာန(ကော့မှူး)၌ အစားအစာ‌အကြောင်း အသိပညာပေး Talk Show ကျင်းပ


MNP ၊ မတ်  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ယနေ့နံနက်က အစားအစာအကြောင်း အသိပညာပေး Talk Show အား ကျင်းပခဲ့ကြောင်း သိရသည်။


အသိပညာပေး Talk Show တွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ဇာခြည်စိမ့်က ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် Talk Show များ၊ စာဖတ်ဝိုင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ အစားအစာအ‌ကြောင်း အသိပညာပေး Talk Show အားကျင်းပရာ မြို့နယ်တိုင်းရင်း ဆေးဆရာအသင်းမှ (အတွင်းရေးမှူး)ဆရာဦးစိန်လှက အစားအစာများကို သင့်တော်သော အချိုးအစားနှင့် ပေါင်းစပ်စားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ပြီး ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ပါကြောင်း၊ အာဟာရဓာတ်ပြည့်ဝစေရန် အစားအစာများကို အချိုးအစားမျှတစွာ စားသုံးပါက ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ယခုရာသီတွင် ချို၊ ချည်၊ ငံအစား အစားအစာများကိုစားသုံး‌ပေးရန် နှင့် လတ်ဆက်သော အစားအစာများကို စားသုံးပေးခြင်းဖြင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါမှ ကာကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း စသည့် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ပုံ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


ကျော်သူရ

 https://t.me/MyanmarNationalPost




No comments:

Post a Comment