MNP ၊ မတ်လ ၆
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ်၌ မဟာသဒ္ဓမ္မပန်းကုံးကျောင်းတိုက်မှ ဆရာတော်ကြီးနှင့်သံဃာတော်များမှ ယမန်နေ့ နံနက်(၇)နာရီအချိန်မှ၍ ဆွမ်းဆန်တော်များ လောင်းလှူပူဇော်ပွဲ ကျင်းပခဲ့ကြသည်။
ထိုသို့ ဆွမ်းဆန်တော်များ အလှူခံကြွရောက်ရာတွင် မဟာသဒ္ဓမ္မပန်းကုံးကျောင်းတိုက်မှ ဆရာတော်ကြီးနှင့်အတူ စာချဆရာတော်များ ၊ စာသင်သံဃာတော်များ စုစုပေါင်း (၁၀၀)တို့က ကိုင်းရှည် ၊ ကံပိုင် ၊ သိမ်တောင် ၊ ဂူတာ ၊ ချောင်းကောက်ရပ်ကွက်များသို့ ကြွရောက်ခဲ့ရာ ရပ်ကွက်နေပြည်သူများ မှ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုများ လောင်းလှူခဲ့ကြကြောင်းသိရသည်။
#MyanmarNationalPost

No comments:
Post a Comment