MNP ၊ မတ် ၆
မအီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းကို ယနေ့ညနေ(၇)နာရီအချိန်က မအီမြို့ပေါ်ရပ်ကွက်များအနှံ့ အသံချဲ့စက်ဖြင် လှည့်လည်ကြေငြာ အသိပေးခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း ပတ်ဝန်းကျင်ဆူညံမှု မရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း၌ မော်တော်ယာဉ်များဖြင့် အသံချဲ့စက်များ၊ ဆောင်ဘောက်များ သယ်ဆောင်၍ လှည့်လည်ဖွင့်လှစ်ခြင်း၊ တေးသီချင်းများ၊ ဗီဒီယိုပြသခြင်းများ၊ လမ်းဆုံလမ်းခွများနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ဉာဉ့်အချိန်မတော် ဂီတာတီးခြင်း၊ သီချင်းဆိုခြင်း၊ သောက်စားမူးယစ်ခြင်းများ မပြုလုပ်ကြရန်နှင့် အရက်ဆိုင်၊ ဘီယာဆိုင်၊ စားသောက်ဆိုင်များကိုလည်း မတ်လ ၆ရက်နေ့မှစတင်၍ မတ်လ ၁၈ ရက်နေ့အထိ ည ၉ နာရီ နောက်ပိုင်းအချိန်များတွင် လုံးဝ ဖွင့်လှစ်ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို မအီမြို့ပေါ်ရပ်ကွက်များအနှံ့ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ကြေငြာခဲ့ကြောင်း သိရသည်။
မောင်မောင်ဌေး
#MyanmarNationalPost

No comments:
Post a Comment