သံတွဲမြို့နယ် ငပလီကမ်းခြေ၌ သဲပုံစေတီပွဲတော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတွဲမြို့နယ် ငပလီကမ်းခြေ၌ သဲပုံစေတီပွဲတော်ကျင်းပ





MNP ၊ မတ်   ၆

ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ် တွင် မြန်မာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် တပေါင်းလ သဲပုံစေတီပွဲတော်ကို ယမန်နေ့ညနေ ၃:၃၀ နာရီက ငပလီကမ်းခြေ Public Areaတွင်ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ သဲပုံ့စေတီပွဲတော်ကို နမောတဿ(၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ရခိုင်မင်္ဂလာစည်တော်တီး၍ ဖွင်လှစ်ပေးကြသည်။ဆက်လက်၍ သိမ်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ က သဲပုံစေတီပွဲတော်ကျင်းပပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်များကို မိန့်ကြားတော်မူပြီး ပွဲတော်ကို ကျင်းပပြုလုပ်ကြသည်။

ယခုကျင်းပသည့် သဲပုံစေတီပွဲတော်တွင် ပြိုင်ပွဲဝင် အသင်းများအဖြစ်(၂၄)သင်း ဝင်ရောက် ယှဉ်ပြိုင်ကြသည့်အပြင် လာရောက်ကုသိုယ်ယူ တည်ထားပူဇော် သူဒေသခံပြည်သူ (၁၀၀)ကျော်ခန့်ရှိပြီး လာရောက်ကြည်ညိုဖူးမျှော်သူများအပါဝင် စုစုပေါင်း ပြည်သူ(၅၀၀)ကျော်ဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသဲပုံစေတီပွဲတော်ကို စင်တော်ကောက်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းရွှေ မိသားစုက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပထမဆုကို (၂)သိန်းကျပ် ၊ဒုတိယ(၁)သိန်းကျပ်၊ တတိယဆု(၅)သောင်းကျပ်နှင့် အထူးဆု၊ ပြိုင်ပွဲဝင်များအားလုံးအား နှစ်သိမ့်ဆုများချီးမြှင့်ပေးသည့်အပြင်  ပွဲတော်လာ ဧည့်ပရိတ်သတ် အားလုံးကို ထမနဲဖြင့် စတုသီတာ ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့သည်။

သဲပုံစေတီပွဲတော်ဆိုသည်မှာ မြန်မာတို့၏ ၁၂လရာသီပွဲတော်များတွင် တစ်ပေါင်းလ သဲပုံစေတီပွဲ ဟု ဖေါ်ပြထားရှိသည့်အတိုင်း တစ်ပေါင်းလတွင် ဗုဒ္ဓဘုရားရှင်ကို ရည်မှန်းလျက် သဲများဖြင့် စေတီတည်ကာ ဥဒ္ဒိသစေတီအဖြစ် တည်ထားပူဇော်သည့်ပွဲတော်တစ်ခုအဖြစ် ကျင်းပခြင်ဖြစ်ကြောင်း သိရှိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)