မာန်အောင်မြို့၌ ငပလီမြို့ ဂျိတ်တောရပ်ကွက်ရှိ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်မှသံဃာတော်၃၅ပါးအားဆွမ်းဆန်စိမ်းလောင်းလှူ - Myanmar National Post

Myanmar National Post

News Agency

Breaking

မာန်အောင်မြို့၌ ငပလီမြို့ ဂျိတ်တောရပ်ကွက်ရှိ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်မှသံဃာတော်၃၅ပါးအားဆွမ်းဆန်စိမ်းလောင်းလှူ






MNP ၊ မတ် ၂၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆွမ်းဆန်စိမ်း အလှူခံရန် ကြွရောက်တော်မူလျက်ရှိသော သံတွဲခရိုင် ငပလီမြို့ ဂျိတ်တောရပ်ကွက်ရှိ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်း လှူဒါန်းခြင်းကို ယနေ့ညနေ၃နာရီတွင် မြို့ပေါ်ရပ်ကွက် အသီးသီးမှ အလှူရှင်များကလောင်းလှူခဲ့ကြသည်။


     ထိုသို့ ဆွမ်းဆန်စိမ်း အလှူခံရာတွင် သံတွဲခရိုင် ငပလီမြို့ ဂျိတ်တောရပ်ကွက်ရှိ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်မှ အရှင်ဥတ္တမဝံဿက ကြီးမှူး၍ သံဃာတော်(၃၅)ပါးက မြို့ပေါ်ရပ်ကွက် အသီးသီးသို့ လှည့်လည် အလှူခံရာ စေတနာရှင်၊အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုများကို မိမိတို့၏ နေအိမ်ရှေ့မှ စောင့်ဆိုင်းပြီး လှူဒါန်းခဲ့ကြသည်။


    အဆိုပါ ပုလဲရတနာပရိယတ္တိစာသင်တိုက်သည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်ပြီး စာသင်သံဃာတော်များနှင့်သာမဏေများ၊ကျောင်းသားများအတွက် လိုအပ်လျက်ရှိသောဆွမ်းနှင့် ကျောင်းတွင်လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးနိုင်ရန် ဆွမ်းဆန်စိမ်းအလှူခံခြင်းဖြစ်ပြီး မာန်အောင်မြိုနယ်သို့ အလှူခံရန် နှစ်စဥ် ကြွရောက်လျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)