MNP ၊ မတ် ၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ ခရိုင်/မြို့နယ် အားကစား နှင့် ကာယ ပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီ အားကစားသင်တန်းများကို ယမန်နေ့ ညနေပိုင်းမှစ၍ မြို့မ အားကစားကွင်း အ တွင်း ဖွင့်လှစ်ပို့ချ ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများကို ခရိုင်/မြို့နယ် အားကစား နှင့် ကာယ ပညာဦးစီးဌာနမှကြီးမှူး၍ အားကစားနည်း ၈ မျိုးဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ အားကစားနည်းများ အနေဖြင့် ဘောလုံး ၊ ဘော်လီဘော ၊ ပိုက် ကျော် ခြင်း ၊ ကရာတေးဒို ၊ Fitness Dances ၊ တင်းနစ် ၊ စားပွဲတင် တင်းနစ် ၊ ရိုးရာခြင်း တို့ဖြစ်သဖြင့် မိမိတို့ ဝါသနာများ အတိုင်း အားကစားနည်းကို ရွေးချယ်ကာ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၆ ရက်နေ့မှ ၂၅ ရက်နေ့ထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်ဆွေလှိုင်ငြိမ်းထံမှ သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
.jpg)
.jpg)
.jpg)
.jpg)
.jpg)
No comments:
Post a Comment