ပေါင်းတည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်း ၈၀ ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု စတုတ္ထအကြိမ်မြောက် ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်း ၈၀ ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု စတုတ္ထအကြိမ်မြောက် ဆောင်ရွက်ပေး



MNP ၊ မတ်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့်ပူးပေါင်း၍ စတုတ္ထအကြိမ်မြောက်ဆက် လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရမှဦးဆောင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများစုပေါင်း၍ ကရုဏာစေတနာထက်သန်စွာဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြကြောင်း သိရသည်။


ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်ကိုယ်တိုင် အငြိမ်းစားဝန်ထမ်းဟောင်းများအား စမ်းသပ်စစ်​ဆေးပေးကာ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့တွင် အငြိမ်းစားဝန်ထမ်း ၈၀ ဦးအား အခမဲ့ဆေးဝါးကုသပေးခဲ့ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးမှု ခံယူလိုသူ အငြိမ်းစားဝန်ထမ်းများအား ပင်စင်ထုတ်သည့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ပြည်သူ့ဆေးရုံသို့ မော်တော်ယာဉ်ဖြင့် အခမဲ့သယ်ယူပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


သူရကြီး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)