ရပ်စောက်မြို့ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်လှူပွဲနှင့် ဆီမီးကိုးထောင်ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြို့ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်လှူပွဲနှင့် ဆီမီးကိုးထောင်ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ




MNP ၊ မတ်  ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် (တပေါင်းလပြည့်နေ့) ဗုဒ္ဓပူဇာနိယ တပေါင်းပွဲတော်ကို မတ်လ ၅ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် (၃၇)ကြိမ်မြောက် စူဠာမုနိကုသိုလ်တော်ဘုရားကြီးနှင့် မြို့မဓါတ်ပေါင်းစုစေတီတော်များအား ဗုဒ္ဓဘိသေကအနေကဇာတင်လှူ ပူဇော်ပွဲရေစက်သွန်းချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စူဠာမုနိကုသိုလ်တော် ဘုရားကြီးအရှေ့ဘက်အာရုံခံတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး မြို့ပေါ်ရှိကျောင်းတိုက်(၁၅)ကျောင်းသို့ ဆွမ်းဆန်အိတ်(၆၅)အိတ်၊ ဆီ(၁၀၆)ပိဿာ၊ နဝကမ္မအလှူငွေကျပ်(၄၇)သိန်းနှင့် အခြားလှူဒါန်း ဘွယ်ရာပစ္စည်းများကို ဗထူးတပ်နယ်မှူး ဗိုလ်ချုပ်ကျော်စွာဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ ညနေ(၃)နာရီခွဲတွင် ၂၀၂၃ ခုနှစ်တွင် နိုင်ငံတော်မှဆက်ကပ်ပူဇော်သော မဟာသဒ္ဓမဇောတိကဓဇဘွဲ့ရ မြို့မဘုရားကြီးကျောင်းတိုက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတာရကအားတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက မင်းလမ်းတစ်လျှောက်မှ မြို့မဘုရားကြီးကျောင်းအထိ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုပူဇော်ခဲ့ကြသည်။


တပေါင်းလပြည့်နေ့ ဆီမီးကိုးထောင်ထွန်းညှိပူဇော်ပွဲကို စူဠာမုနိကုသိုလ်တော်ဘုရားကြီး၌ ဆက်လက်ကျင်းပရာ ဗထူးတပ်နယ်မှူး၊ တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးဧည့်သည်များက စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။


ဆုမွန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)