MNP - မတ် ၅
ဂျူဗင်တပ်စ်အသင်းဟာ အငှားခေါ်ယူထားတဲ့ PSGကွင်းလယ်ကစားသမား လီအန်ဒရို ပါရက်ဒက်စ်ကိုအပြီးသတ် ခေါ်ယူရန် စိတ်ဝင်စားခြင်းမရှိပေ။ဂျူဗင်တပ်စ်အသင်း ပါရက်ဒက်စ်ကို ပြီးခဲ့တဲ့နွေရာသီက PSG အသင်းကနေ အငှားခေါ်ယူခဲ့တာဖြစ်ပြီး ယူရို ၂၂သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့် ပါဝင်နေတာဖြစ်ပါတယ်။
အဆိုပါ အသက် ၂၈နှစ်အရွယ် အာဂျင်တီးနားသားအတွက် ဂျူဗင်တပ်စ်အသင်းဟာ နောက်ဆုံးဆုံးဖြတ်ချက်မချသေးပေမယ့် ပါရက်ဒက်စ် ရာသီကုန် PSGအသင်းကို ပြန်လာနိုင်ချေပိုများကြောင်း သိရသည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment