မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ် နှင့် ဇီဝဗေဒဘာသာရပ်အား ကျောင်း သား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ် နှင့် ဇီဝဗေဒဘာသာရပ်အား ကျောင်း သား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုလျှက်ရှိ




MNP ၊ မတ်  ၁၅

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဘောဂဗေဒဘာသာရပ် နှင့် ဇီဝဗေဒဘာရပ်အား ယနေ့ နံနက် ၉ နာရီကစတင်ကာ မြောက်ဦးမြို့နယ် အတွင်း စာစစ်ဌာန(၃)ခု၌ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်းသိရသည်။ 


ထို့နောက် ကျောင်းသား၊ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်အ ဆင့်ဌာ နဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှအတွင်းစည်း၊ အပြင်စည်းများဖြင့်ဝိုင်း ဝန်းကူညီစောင့်ရှောက်ပေးလျှက်ရှိသည်။ မြောက်ဦးမြို့နယ်အတွင်း ရှိစာ စစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်  ဇီဝဗေဒဘာသာရပ်အား စာရင်းရှိ (၃၄) ဦးရှိ၍  အ.ထ.က(၁)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၂၇)ဦး၊ အထက-မြောင်းဘွေ စာစစ်ဌာနတွင်(၁)ဦး၊ စုစုပေါင်းစာစစ်ဌာန(၃) မှ ဝင်ရောက်ဖြေဆိုသူ(၂၈)ဦး၊ ပျက်ကွက် (၆) ဦး စာစစ်ဌာန (၃) ခုတွင် ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ရာခိုင်နှုန်း (၈၂.၃၅) ရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှ (၁၇.၆၅) ရှိ ပြီး ဘောဂဗေဒဘာသာရပ်အား စာရင်းရှိ (၉၃၄) ဦး၊ အ.ထ.က(၁)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၃၅၉)ဦး၊ အ.ထ.က(၂)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၃၇၀)ဦး၊ အထက-မြောင်းဘွေ စာစစ်ဌာနတွင်(၁၁၅)ဦး စုစုပေါင်း စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ (၈၄၄) ဦး ၊ ပျက်ကွက် (၉၀) ဦး  ၊ ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ရာခိုင်နှုန်း (၉၀.၃၆) ရှိပြီး ပျက်ကွက်ရာခိုင်နှုန်း (၉.၆၄) ရှိကြောင်း  မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)