ဓာတ်အားခကြွေးကျန် ကောက်ခံရရှိရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်စေလိုကြောင်း ဒုတိယဝန်ကြီး ဦးအေးကျော် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓာတ်အားခကြွေးကျန် ကောက်ခံရရှိရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်စေလိုကြောင်း ဒုတိယဝန်ကြီး ဦးအေးကျော် ပြောကြား


MNP ၊ မတ် ၁၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၁၆-၃-၂၀၂၃ ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြည်နယ်/ခရိုင်/မြို့ နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဓာတ်အားခွဲရုံများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး တောင်ကြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှိ ငွေလက်ခံကောင်တာတွင် ဓာတ်အားခပေးဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးသို့ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝဏ္ဏက ပြည်နယ်/ခရိုင်/မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားခကြွေးကျန် ကောက်ခံရရှိရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဘဏ္ဍာနှစ်အလိုက်ရရှိသော ဘတ်ဂျက်ရန်ပုံငွေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးနိုင်ရေးအတွက် ဘတ်ဂျက်ရန်ပုံငွေများ စနစ်တကျသုံးစွဲသွားရန်၊ ဝန်ထမ်းများအားလုံး လုံခြုံရေးအသိ၊ သတိဖြင့်စည်းလုံးညီညွတ်စွာ လုပ်ငန်းတာဝန်များ ထမ်းဆောင်သွားကြရန်၊ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ဘဏ္ဍာရေးကဏ္ဍအား ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး ဌာနတွင်းလုပ်ငန်းခွင်မပျက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် လင်းသီဟကုမ္ပဏီမှ ငွေလက်ခံကောင်တာတွင် ဓာတ်အားခကောက်ခံနေမှုနှင့် စာရင်းရေးသွင်းပြုစုထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)