MNP ၊ မတ် ၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၃-ခုနှစ် မတ်လ(၈)ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် စတင်ကျင်းပခဲ့ပြီး ကျောင်းသား/ သူ (၈၈)ရာခိုင်နှုန်းကျော် အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေမှု အခြေအနေ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုရန် စာရင်းရှိ ကျောင်းသား(၃၂၁)ဦး၊ ကျောင်းသူ(၃၉၉)ဦး စုစုပေါင်း (၇၂၀)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၈၂)ဦး၊ ကျေင်းသူ(၃၅၄)ဦး စုစုပေါင်း (၆၃၆)ဦးအထိရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၈၈.၃၃)ရာခိုင်နှုန်းအထိရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment