အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုလျက်ရှိသည့် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား အအေးဘူးများနှင့် သောက်ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုလျက်ရှိသည့် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား အအေးဘူးများနှင့် သောက်ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်း



MNP ၊ မတ် ၂၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အတုလ မာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးသိမ်တော်၌ မတ် ၂၁ ရက်နေ့မှ စတင်၍ ကျင်းပ ပြုလုပ်လျက်ရှိရာ စစ်တွေမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် များနှင့် သီလရှင်စာသင်တိုက်များမှ သာသနာနွယ်ဝင်သီလရှင်များက စာမေးပွဲအမျိုး အစားအလိုက် ပါဝင်ဖြေဆိုလျက်ရှိသည်။


အဆိုပါ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်လျက်ရှိသော အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးသိမ်တော်သို့ ယနေ့ မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သွားရောက်၍ ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ ဓမ္မသုခ ဘုန်းတော်ကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောမ အမှူးပြုသော စာမေးပွဲကြီးကြပ် ဆရာတော် ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီးများနှင့် စာမေးပွဲ ဖြေဆိုလျက်ရှိသည့် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များအား အအေးဘူးများနှင့် သောက်ရေ သန့်ဘူးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)