နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ လုပ်ငန်းလည်ပတ် မှုဆိုင်ရာညွှန်ကြားရေးမှူး ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ လုပ်ငန်းလည်ပတ် မှုဆိုင်ရာညွှန်ကြားရေးမှူး ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ


MNP ၊ မတ် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Martin Schuepp ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


တွေ့ဆုံစဉ် ယာယီနေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးအပ်နိုင်ရေး၊ ICRC အဖွဲ့မှဆောင်ရွက်ပေးသည့် အကူအညီများအား အကူအညီအမှန်တကယ် လိုအပ်သူများထံသို့ ရောက်ရှိရေးအတွက် စိစစ်ဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်သည့်အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကြောင့် ယာယီရပ်ဆိုင်းထားသည့် အကျဉ်းကျခံနေရသူများ နှင့် အကျဉ်းကျခံနေရ သူများ၏မိသားစုဝင်များ တွေ့ဆုံခွင့် ပြန်လည်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင် နှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းတို့ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး နှင့်အတူ ICRC Regional Director for Asia and the Pacific , Ms.Christine Cipolla ၊ ICRC Resident Representative,  Ms. Elean Ajmone Sessera တို့လည်းတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)