အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် နိုင်ငံခြားငွေ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ ၂၀ ကို လိုင်စင် ရုပ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် နိုင်ငံခြားငွေ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ ၂၀ ကို လိုင်စင် ရုပ်သိမ်း


MNP ၊ မတ် ၁၇

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရကုမ္ပဏီ ၂၀ သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License)အား ဒါရိုက်တာအဖွဲ့အစည်းအဝေး အမှတ် (၁/၂၀၂၃) ဆုံးဖြတ်ချက်အရ ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် ရုပ်သိမ်းခြင်းခံရသော ကုမ္ပဏီများမှာ -

( ၁ ) Oake Khaung Travels & Tours Co., Ltd ၊ ( ၂ ) Senjo Royal Myanmar Co., Ltd ၊ ( ၃ ) Dawei Popular Co., Ltd ၊ ( ၄ ) Zam Myo Co., Ltd ၊ ( ၅ ) Phyo Thet (PT) Co., Ltd ၊ ( ၆ ) Sky Bound Co., Ltd ၊ ( ၇ ) Myanmar MCG Corporation Ltd ၊ ( ၈ ) Htwe and Htwe Family Co., Ltd ၊ ( ၉ ) Won Won Co., Ltd ၊ (၁၀) United Eleven Co., Ltd ၊ (၁၁) Tun Yama Co., Ltd ၊ (၁၂) Myanmar Alinkar Hotel Group Co., Ltd ၊ (၁၃) Cartel Co., Ltd ၊ (၁၄) Super Phoneix Co., Ltd ၊ (၁၅) Golden Falcon Shipping Co., Ltd ၊ (၁၆) Fairness Travels & Tours Co., Ltd ၊ (၁၇) Yadanar Bon Travels & Tours Co., Ltd ၊ (၁၈) Myanmar National Airlines Co., Ltd ၊ (၁၉) Dewant Financial Loan Microfinance Co., Ltd ၊ (၂၀) Treasure Su Co., Ltd တို့ ဖြစ်ကြသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)