ကဝမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဝမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ




MNP ၊ မတ်  ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၃ခုနှစ် နွေရာသီ အ​ခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။


သင်တန်းဆင်းပွဲတွင် မြို့နယ်အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က လူငယ်များအားကစားကို စိတ်ဝင်စားလာပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာရေး၊ အားကစားစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး စသည်တို့ကို ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး အားကစားနှင်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစစ်နိုင်ဦးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများအား အားကစားဝတ်စုံများနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။


အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စာပွဲတင်တင်းနစ်၊ အေရိုးဗစ်နှင့် Fitness Dance စသည့် အားကစားနည်းများကို (၇.၃.၂၀၂၃)မှ (၁၉.၃.၂၀၂၃)ထိ မြို့နယ်အားကစားကွင်း၊ အ.ထ.က(မကျက်ကြီး)နှင့် ကဝမြို့ ညောင်ပင်ကွင်းတို့တွင် လက်တွေ့သင်ကြားပို့ချခဲ့ရာ သင်တန်းသား/ သင်တန်းသူ (၉၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)