ရမည်းသင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း (၁ /၂၀၂၃ ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း (၁ /၂၀၂၃ ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ



MNP ၊ မတ်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီအချိန်တွင် ရမည်းသင်းမြို့ သီလဝခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ   မီးသတ်ဦးစီးဌာနညွန်ကြားရေးမှူးချုပ် ဦးမြတ်သူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အနေဖြင့် မျက်မှောက်ခေတ်ကာလတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင်သာမက  ကမ္ဘာ့နိုင်ငံအသီးသီး၌ ငလျင်ဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်ကြုံတွေနေနေကြရသည့်အတွက် ယခုကဲ့သို့ ဘေးအန္တရာယ်များကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ  မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ပရဟိတ/လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စွမ်းဆောင်ရည် ပိုမိုတိုးတက်မြှင့်မားလာစေရန် ခေတ်မီကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန်နှင့် အခြေခံရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို စာတွေ/လက်တွေ သင်ကြားပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ယခုကဲ့သို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင်  အဓိကအချက် (၄) ချက်ဖြစ်သည့် လျင်မြန်မှု၊ မှန်ကန်ထိရောက်မှု၊ စေ့စပ်သေချာမှုနှင့် ပြီးပြည့်စုံသော လုံခြုံမှုတွေနှင့် သတိပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ထပ်ဆင့်သင်ကြား လေ့ကျင့်သင်ကြားပေးရသည့်အတွက် ပြည်သူလူထုကို ယခင်ထက်ပိုမို၍ အလုပ်အကျွေး ပြုစုနိုင်သူများဖြစ်လာကြမည်ဟု အလေးအနက်ယုံကြည်ပါကြောင်း  ပြည်သူများ၏ အသက်အိုးအိမ်များကို အလျင်အမြန် ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒီသင်တန်းမှတဆင့် ရှာဖွေကယ်ဆယ်ရေးနည်းပညာကို ပြန့်ပွားသင်ကြားပေးစေလိုကြောင်း၊ သင်တန်းကာလ ၂ ပတ်အတွင်း စာတွေ့လက်တွေ့ လုပ်ဆောင်မှုများဖြင့် ထိထိရောက်ရောက် သင်ကြားသွားရန် လိုအပ်ကြောင်း ရှင်းလင်းမှာကြားသည်။


ထို့နောက် ညွှန်ကြားရေးမှူးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေး သုံးခေတ်မီစက်ပစ္စည်း ကိရိယာများကို ကြည့်ရှူလေ့လာခဲ့ကြသည်။


ရမည်းသင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၃)အား ရမည်းသင်းခရိုင်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား(၂၀) ဦး၊ ကြက်ခြေနီ  တပ်ဖွဲ့ဝင်(၁၀)ဦးနှင့် စိတ်ပါဝင်စားသည့်ပြည်သူ (၅)ဦး၊စုစုပေါင်း သင်တန်းသား (၅၀) ဦးဖြင့် မတ်လ ၂၂ ရက် မှဧပြီလ (၃)ရက်နေ့ထိ ရမည်းသင်းခရိုင်မီသတ်ဦးစီးဌာနရုံး၌ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရသည်။


ဇော်ဝင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)