အမ်းမြို့နယ် ၌လူငယ်အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် ၌လူငယ်အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများကျင်းပ





MNP ၊ မတ်  ၁၅

  ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်၊စာအုပ်စာစောင်ပြပွဲကို မြို့ နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသင်တန်းခန်းမ၌ ယမန်နေ့ နေ့လည် အချိန်ကကျင်းပခဲ့သည်။


    အခမ်းအနားတွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးစန်းဝင်း က အနာ ဂတ် နိုင်ငံတာဝန်များကိုထမ်းဆောင်ရမည့် မျိုး ဆက်သစ်ကျောင်း သား /သူလူငယ်များ ကာယဗ လ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘော ဂဗလ တို့ဖွံ့ဖြိုးစေရန်၊ အ သိပညာဗဟုသုတများရရှိစေရန်အချင်း ချင်းချစ်ခင်မှုရှိလာစေရန်၊ ပူးပေါင်းပါ ဝင်ဆောင် ရွက်သောအလေ့အထများရှိလာစေရန်၊ မိမိတို့၏ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုတတ်လာစေရန်၊စာပေကိုချစ်မြတ်နိုးလာစေရန်စသည့်ရည်ရွယ်ချက်ဖြင့်ကျင်းပရခြင်းဖြစ်ပါကြောင်း၊နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်များအကျိုးရှိစေမည့် ပန်းချီသင်တန်းများ၊အင်္ဂလိပ်စာအခြေခံသင်တန်း၊အခြားအခြားသောသင်တန်းများဖွင့်လှစ်ပို့ချသွားမည်ဖြစ်

၍တက်ရောက်ကြစေလိုကြောင်း ယခုအချိန်သည်ပညာခေတ်ဖြစ်၍ မျိုးဆက်သစ်လူငယ်ဖြစ်တဲ့သားတို့သမီးတို့အားကာယဗ လ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘော ဂဗလ စသောဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အ သိပညာဗဟုသုတများရရှိစေရန်ယခုလိုနံရံကပ်စာစောင်ပြပွဲ စာအုပ်စာစောင်ပြပွဲနှင့်စာဖတ်ရှိန်မြှှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ပေးပါကြောင်းပြောကြားခဲ့သည်။


    ဆက်လက်၍အားကစားနှင့်ကာယပညာဦးစီးဌာနမြို့နယ်ဦးစီးအရာရှိ ဦးကျော်ဝေကလူငယ်များအနေဖြင့် မိမိမြို့နယ်အဆင့်မှခရိုင်၊ပြည်နယ်နှင့်နိုင်ငံကိုယ်စားပြုအားကစားသမားများပေါ် ထွက်လာစေရေးအတွက်အခုလိုနွေရာ သီအားလပ်ရပ်မှာဘောလုံး၊ဘော်လီ ဘော၊တိုက်ကွန်တိုနှင့်အခြားအခြားသောသင်တန်းများကိုအ​ခြေခံမှစ၍ ပို့ချပေးလျက်ရှိကြောင်းပြောကြားကာနံရံကပ်စာစောင် ၊စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှှင့်တင်ရေးအတွက်စာပေဖတ်ရှုခြင်းများအားဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)