ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်၌ (၂၅)ကြိမ်မြောက် ပရိယတ္တိ သဒ္ဒမ္မပါလ ငွေရတု ပွဲတော်ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်၌ (၂၅)ကြိမ်မြောက် ပရိယတ္တိ သဒ္ဒမ္မပါလ ငွေရတု ပွဲတော်ပြုလုပ်



MNP ၊ မတ် ၁၇

(၂၅)ကြိမ်မြောက် ပရိယတ္တိ သဒ္ဒမ္မပါလ ငွေရတုပွဲတော်ကို ယနေ့နံနက်ပိုင်း တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ပြုလုပ်ရာ အဆိုပါကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။


ဦးစွာ ဆရာတော်ကြီးများ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက (၂၅)ကြိမ် မြောက်ပရိယတ္တိ သဒ္ဒမ္မပါလ ငွေရတုပွဲတော်မုခ်ဦးနှင့် သမိုင်းပြခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး သမိုင်းပြခန်းနှင့် သုံးထပ်စာသင်ဆောင်တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များ အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။


အဆိုပါ ပရိယတ္တိ သဒ္ဓမ္မပါလငွေရတုပွဲတော်ကို ကောဇာသက္ကရာဇ်- ၁၃၆၀ ခုနှစ်တွင် ယခင်သီရိမင်္ဂလာကျောင်း တိုက်ဆရာတော် ဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တ ဝေပုလ္လက စတင်ကျင်းပပြုလုပ်ခဲ့ပြီး ဆရာတော်ကြီးများက လက်ဆင့်ကမ်း ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြရာ ယခုဆိုလျှင်  (၂၅)ကြိမ်မြောက်တိုင်အောင် ပရိယတ္တိ သဒ္ဒမ္မပါလ ငွေရတုပွဲတော်သို့ရောက်ခဲ့ပြီဖြစ်ကြောင်းနှင့်  ပွဲတော်တွင် ရှမ်းပြည်နယ် အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများက နေ့ညမပျက် မြတ်စွာ ဘုရားဟော ကြားတော်မူခဲ့သည့် သီလဓမ္မတရားတော်များ၊ ပရိတ်တရားတော်များကို ဟောကြား ရွတ်ဖတ်တော်မူခြင်း၊ ဒေသခံတိုင်းရင်းသားများက ရှင်ပြု၊ ရဟန်းခံခြင်းနှင့် ဆွမ်းဆန် တော် လောင်းလှူခြင်းများကို မတ် ၂၀ ရက်အထိ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)