ချဲ့ကားပြောကြား ဝါဒဖြန့်မှုများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချဲ့ကားပြောကြား ဝါဒဖြန့်မှုများ



မြန်မာနိုင်ငံတွင် အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့များအနေဖြင့် နိုင်ငံတော်၏ တည်ငြိမ်ရေးကိုပျက်ပြားစေရန်နှင့် ပြည်သူများကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိနေရသည်။

ထိုကဲ့သို့ဝါဒဖြန့်မှုများသည် အကြမ်းဖက်မှုကိုအားပေးရာရောက်ကြောင်း အချို့ပြည်သူများက မသိနားမလည်သည့်အတွက် ထပ်ဆင့်ဖြန့်ဝေမှုများကိုလည်း တွေ့မြင်ရသည်။ ဥပဒေဆိုသည်မှာ မသိနားမလည်ဟုဆိုကာ ခွင့်လွှတ်ပေးမည့် အရာမဟုတ်သည်ကို ကျွန်ုပ် တို့ပြည်သူများ သိရှိထားရန်လိုသည်။ ထိုသို့ဖြန့်ဝေမှုများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့်ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့်ပစ္စည်းများကိုပါ သိမ်းဆည်းခံရနိုင်ကြောင်း ဦးစွာသိရှိထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် မိမိတို့ ယုံကြည်ရာကိုလွတ်လပ်စွာလုပ်ဆောင်ခွင့်ရှိသည်ဟု ဆိုသော်ငြား အများသူငါထိခိုက်နစ်နာစေခြင်း မရှိရန်လိုကြောင်း သဘောပေါက် ထားရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်ပနိုင်ငံကြီးများက မြန်မာနိုင်ငံတွင်းဖြစ်ပွားလျက်ရှိသည့် အခြေအနေများအပေါ် အမှန်အမှားရောပြွမ်းဖော်ပြလာမှုများ တွေ့မြင်နေရပြီး ၎င်းဖော်ပြမှုများအပေါ် အကျင့်ပျက်မီဒီယာအချို့ကဝမ်းသာအားရ ပုံကြီးချဲ့ဖော်ပြလာမှု များလည်း တွေ့မြင်နေရသည်။ နိုင်ငံများအနေဖြင့် ၎င်းတို့ နိုင်ငံသား များ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန်အသိပေးချက်များ ထုတ်ပြန်သည်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်များပင်ဖြစ်သည်။ မကြာသေးမီရက်ပိုင်းကပင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည့် မြန်မာနိုင်ငံသို့ ခရီးသွားလာမှုဆိုင်ရာ အကြံပြုချက်တွင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများ၏ အခြေအနေနှင့်ပတ်သက်၍ သွားလာရန်မသင့်သော နေရာဒေသ များအဖြစ်ဖော်ပြမှုများ ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်။ ထိုသို့ ဖော်ပြမှုများသည် ၎င်းတို့ နိုင်ငံသားများအတွက် အကြံပြုချက်မျှသာ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏အခြေအနေအပေါ် ချဲ့ကားပြောဆိုမှုများ ပါရှိကြောင်း တွေ့မြင်ရသည်။

ယင်းသို့ဖော်ပြမှုကို စည်းဝါးကိုက်ထားသည့်အလား အချို့သောပြည်တွင်းမီဒီယာများက အားရဝမ်းသာစွာဖြင့် မြန်မာပြည်သူများအကြား အကြောက်တရားကြီးထွားလာစေရန်နှင့် အစိုးရယန္တရား မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဝါဒဖြန့်မှုများလုပ်ဆောင် နေကြောင်း တွေ့မြင်လာရသည်။ ယင်းမှာ အကြမ်းဖက်အားပေးသော ဖြန့်ဝေမှုမျှသာဖြစ်သည်။ ထိုသို့သော ရည်ရွယ်ချက်ပါရှိသည့် ဝါဒဖြန့်ချိမှုများသည် ပြည်တွင်း၌အလုပ်ကိစ္စဖြင့် သွားလာနေကြရသည့် ပြည်သူများအတွက်စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ မကြာမီကာလတွင်လည်းသင်္ကြန်ကာလ နှစ်သစ်ကူးရုံးပိတ်ရက်များ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ပြည်တွင်းနေရပ်ပြန်ခြင်းများ၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေသူများအနေဖြင့်လည်း မိခင်နိုင်ငံထံ ပြန်လည်ဝင်ရောက်လာမှုများ ရှိလာတော့မည်ဖြစ်ရာ ထိုသို့သောဝါဒဖြန့်မှုများက ပြည်သူများကို ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစေနိုင်သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန် ရည်ရွယ်သောလှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများအား လူမှုကွန်ရက်များမှတစ်ဆင့် လုပ်ဆောင်နေသူများကို နိုင်ငံတော်အစိုးရက အရေးယူဆောင်ရွက်မှုများပြုလုပ်နေသလို သတင်းထုတ်ပြန် အသိပေးမှုများလည်း ပုံမှန်ပြုလုပ်လျက်ရှိသည်။ နိုင်ငံတွင်း ဖြစ်ပွားနေသော CRPH၊ NUG နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များ နှင့်ပတ်သက်၍လည်း အစိုးရအနေဖြင့် ထိရောက်စွာနှိမ်နင်းလျက်ရှိရာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ လျှောက်လှမ်းရာတွင် ပြည်သူများအနေဖြင့်လည်း နောင်လာ နောက်သားများအတွက်ရှေးရှု၍ ယခင်ကထက် ပိုမိုပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုက်ရပါသည်။ ။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)