မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေကျပ် (၆၄၉) သိန်း အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေကျပ် (၆၄၉) သိန်း အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး


MNP ၊ မတ်  ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဟဲလုံကျေးရွာအုပ်စု ဟဲလုံကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေကျပ် (၆၄၉)သိန်းအား အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဟဲလုံကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


ထိုသို့ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက မြစိမ်းရောင်စီမံကိန်းသည် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ အသင်းသား အသင်းသူများအနေဖြင့် ညွှန်ကြားချက်များနှင့်အညီ ချေးငွေရယူထားသည့် လုပ်ငန်းများကို အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက် ကြရန်၊ ကျေးလက်ဖွံ့ဖြိုးတိုးရေးဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်ကျေပွန်ရန်လိုအပ်ကြောင်းနှင့် ရန်ပုံငွေ လေလွင့်မှုမရှိစေရန် စသည်တို့ကို တိုက်တွန်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ဟဲလုံကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ ကော်မတီဝင် များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြမည့် တောင်သူ (၆၉)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၄၈)ဦး၊ အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူ (၄)ဦးတို့အတွက် အသင်းသား၊ အသင်းသူ စုစုပေါင်း (၁၂၁)ဦးအား ငွေကျပ်(၆၄၉)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)