MNP ၊ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၂)ရပ်ကွက်၊ နိဂြောဓာလမ်း၊ ကပိလဝတ်ပြည်၊ ကောင်းမူတော်စေတီနှင့် အနီးရှိ စေတီများ၊ ဘုန်းတော်ကြီးကျောင်းဝန်းများ၊ အမှတ် (၈) ရပ်ကွက် မဟာဗောဓိလမ်းမကြီးရှိ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက် အစရှိသည့် ဘုရားကျောင်းကန်စေတီများသို့ တပ်မတော် ကြည်း၊ ရေ၊လေ မှ တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ဌာနဆိုင်ရာအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ မှစုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသန့်ရှင်းရေး ပြုလုပ်သည့် နေရာသို့ လေတပ်စခန်းဌာနချုပ် ဗိုလ်မှူးကြီးကျော်မြင့်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဇော်နိုင် နှင့်အဖွဲ့ဝင်များ၊ မြို့ယ်စည်ပင်အရာရှိဦးကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များအား ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost







No comments:
Post a Comment