ပုလောမြို့ မြို့ဦးကျောင်းစေတီတော်၌ တပေါင်းလပြည့်နေ့ ဘုရားဖူးမြော်သူများနှင့် အပန်းဖြေအနားယူသူများအား စတုဒီဿဖြင့် ဧည့်ခံကျွေးမွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့ မြို့ဦးကျောင်းစေတီတော်၌ တပေါင်းလပြည့်နေ့ ဘုရားဖူးမြော်သူများနှင့် အပန်းဖြေအနားယူသူများအား စတုဒီဿဖြင့် ဧည့်ခံကျွေးမွေး




MNP ၊ မတ်  ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ် မြို့ကျက်သရေစေတီတော်နှင့် မြို့ဦးကျောင်းစေတီတော်တို့တွင် တပေါင်းလပြည့်နေ့ မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် ရပ်နီး/ ရပ်ဝေးနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ အထွဋ်မြတ်ထားရာနေ့ တပေါင်းလပြည့်နေ့နံနက်ပိုင်းတွင် ရပ်နီး/ရပ်ဝေးနှင့် နယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များက ပုလောမြို့အတွင်းရှိ မြို့ကျက်သရေစေတီတော်နှင့် ဘုန်းတော်ကြီးကျောင်းများသို့ လာရောက်၍ အာရုံဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ခြင်း၊ ဥပုသ်သီလများ ခံယူတည်ဆောက်ကြခြင်း၊ ပရိတ္တတရားတော်ရွတ်ဖတ်ပူဇော်၍ မေတ္တာပို့သခြင်းတို့ဖြင့် ကုသိုလ်ယူလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကုသိုလ်ပြု ဘုရားဖူးမိဘပြည်သူများနှင့် အပန်းဖြေအနားယူလျက်ရှိသူများကို ညနေပိုင်းတွင် ပုလောမြို့ မြို့ဦးကျောင်းစေတီတော်ရှိ ကျောင်းထိုင်ဆရာတော်ဘုရားနှင့် တပည့်တကာ/တကာမများက ကြာဇံကြော်နှင့် အချိုရည်များဖြင့် စတုဒီဿဧည့်ခံကျွေးမွေးကာ စည်ကားလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)