Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲ ဆက်လက်ဖြေဆို



MNP ၊ မတ် ၃၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယနေ့ မွန်းလွှဲ ၁၂ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင်  သံဃာတော်များက ဆက်လက်ဖြေဆိုလျက်ရှိကြသည်။   


မောင်တောမြို့နယ် စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲကို သာသနာ့ဗိမာန်တော်၌  နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပလျက်ရှိပြီး  မောင်တောစာဖြေဌာနတွင် စာဖြေသံဃာ ၁၉ ပါး ဖြေဆိုရန် စာရင်းသွင်းထားပြီး သံဃာတော် ၁၇ ပါး ဝင်ရောက် ဖြေဆိုလျက်ရှိရာ မြို့နယ်သံဃာနာယက ဆရာတော်ကြီး နှင့် ဩဝါဒစရိယ ဆရာတော်ကြီး များက ကြီးကြပ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အစိုးရ ပါဠိပထမပြန် စာမေးပွဲကို   ဖြေဆို ကြသည့် ပထမကြီး တန်း စာဖြေ သံဃာများသည်   အဘိဓာန် ၊ အလင်္ကာ ၊ ဆန်း  ဘာသာရပ် ၊ ပထမလတ်တန်း  သုတ္တန္တိကမာတိကာ ၊ ဓာတုကထာ  ၊  ပထမတန်း စာဖြေ သံဃာများသည်   ဘိကဒုက မာတိကာ နှင့် ဓာတုကထာ နှင့် အခြေပြု မူလတန်း  စာဖြေ သံဃာများသည်   တိကမာတိကာ ဘာသာ ရပ်အား ဆက်လက်ဖြေဆိုလျက်ရှိကြပြီး အစိုးရ ပါဠိပထမပြန် စာမေးပွဲ ကို မတ် ၂၈ ရက်နေ့မှ ဧပြီ ၃ ရက်နေ့ အ ထိ ကျင်းပ ပြု လုပ် သွားမည်ဖြစ်သည်။ 


အဆိုပါ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မောင်တော စာဖြေဌာန  မတ် ၃၁ ရက်နေ့ တွင် ပထမ ကြီး တန်း ၂ ပါး၊ ပထမလတ်တန်း ၁ ပါး၊ ပထမငယ်တန်း ၅ ပါး၊ အခြေပြုမူလတန်း ၉ ပါး  စုစုပေါင်း ၁၇ ပါးဖြေဆိုလျက်ရှိပြီး ရာခိုင်နှုန်း အားဖြင့် (၈၉)ရာခိုင်နှုန်း ရှိကြောင်း ခရိုင်သာသနာ့ရေးမှူးရုံးမှ သိရသည်။  


သက်လွင်စိုး ၊အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment