Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်






MNP ၊ မတ် ၃၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ခရိုင်မှတ်ပုံတင်ရေး အဖွဲ့မှ  မောင်တောခရိုင်အတွင်း မှတ်ပုံတင်ခွင့် ပြုထားသည့် သက်တမ်း ရှိအသင်း အဖွဲ့ဝင်များအား အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် အကြမ်းဖက်မှုများကို ငွေကြေး ထောက်ပံ့ ရာတွင် NPO များကို အလွဲသုံးစားပြုခြင်းဆိုင်ရာ ကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေးဆွေးနွေး ပွဲတွင် ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဌ ဦးနေဦးက ဆွေးနွေးပွဲ ပြုလုပ်ရ သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အသင်းအဖွဲ့များအ‌နေဖြင့် လိုက်နာရမည့်စည်းကမ်းချက်များကို ချပြ ဆွေးနွေး ကာ အသင်းအဖွဲ့များဆိုင်ရာဥပဒေ ပြဌာန်းချက်များကို အသေး စိတ်ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်  တက်ရောက် လာသည့် အသင်အဖွဲ့များက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြပြီး  တင်ပြချက်များအပေါ် ခရိုင် မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဌက လိုအပ်သည်များကို ပေါင်းစပ်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment