မန့်ဟီးရိုးမြို့တွင် ထုန့်မောင်ပရဟိတဘုန်းတော်ကြီးကျောင်း ရိုးရာယဉ်ကျေးမှုသိမ်နုတ်၊ သိမ်သမုတ် ပွဲနှင့် ဆွမ်းလောင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန့်ဟီးရိုးမြို့တွင် ထုန့်မောင်ပရဟိတဘုန်းတော်ကြီးကျောင်း ရိုးရာယဉ်ကျေးမှုသိမ်နုတ်၊ သိမ်သမုတ် ပွဲနှင့် ဆွမ်းလောင်းပွဲကျင်းပ





MNP ၊ မတ်  ၉

ရှမ်းပြည်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင်  ဆရာတော် ဒေါက်တာအရှင်ဒေဝိန္ဒာဘိပါလ ဦးဆောင်သော ထုန့်မောင်ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ရိုးရာယဉ်ကျေးမှုသိမ်နုတ်၊ သိမ်သမုတ်ပွဲနှင့်ဆရာတော်၊ သံဃာတော်(၈၄)ပါး ဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ နံနက်(၈း၀၀)အချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်များက အာရုံဆွမ်း ကပ်လှူပူဇော်ခြင်းနှင့် ဆွမ်းတော်တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ဆက်လက်၍လည်း  ဩကာသချိုးဖြင့် ပြန်လည်ကန်တော့ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ် ရွတ်ဆိုပြီးနောက် ပြုပြုသမျှကုသိုလ်အဖို့ဘာကကို ရေစက်ချအမျှဝေခဲ့ကြပါသည်။ ထို့နောက် နံနက်(၈း၃၀) အချိန်တွင် တက်ရောက်လာကြသောစေတနာရှင်ဒေသခံပြည်သူများနှင့် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်များက ရိုးရာယဉ်ကျေးမှု သိမ်သမုတ်ပွဲကို စတင်ကျင်းပခဲ့ကြပြီး စေတနာရှင်ဒေသခံပြည်သူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်(၈၄)ပါးကို ဆွမ်းနှင့်လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ယင်းနောက် နံနက်(၁၁း၀၀) နာရီ အချိန်တွင် ဆရာတော်၊သံဃာတော်များကို နေ့ဆွမ်းနှင့် အသီးအနှံအချိုပွဲများ ဆက်ကပ်ပူဇော်ခဲ့ကြပြီး နေ့လည်(၁း၀၀)အချိန်တွင် ရိုးရာယဉ်ကျေးမှု သိမ်နုတ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြကြောင်း သိရပါသည်။


မာမာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment